Resolution အမြင့်ဆုံးနဲ့ Screen Record ဖမ်းနိုင်မယ့် Android 11

Android ဖုန်းတွေအတွက် Screen Record ဖမ်းမယ်ဆိုရင် File Size 4GB အထိသာ Record ယူနိုင်ပြီး  Resolution ကိုလည်း File Size ကန့်သတ်ထားတာကြောင့် 1080P နဲ့သာ အများဆုံးဖမ်းယူနိုင်ခဲ့ပါတယ်။ခုဆိုရင် ဖုန်းတော်တော်များများမှာ 4K 30fps ထိ Support ပေးပြီး Screen Record နိုင်တာကြောင့် 4GB ထက်ပိုပြီး File Size ကြီးကြီးရဖို့လိုနေပါတယ်။နောက်ထွက်မယ့် ဖုန်းတွေမှာလည်း 8K အထိ Record လုပ်နိုင်မယ့် ဖုန်းတွေ ရှိလာမှာဖြစ်တာကြောင့် ခုလို 4GB ထက်ကျော်ပြီး Record လို့ရအောင် ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

အရင်တုန်းက ဖုန်းတွေမှာ Screen Record ဖမ်းရင်း File Size က 4GB ကိုကျော်သွားတဲ့အခါ Recorder အနေနဲ့ ရပ်သွားတာမဟုတ်ပဲ ဆက်ပြီး Record လုပ်နေမှာပါ။ဒါပေမယ့် 4GB ကျော်သွားတာနဲ့ Record အတွက် နောက်ထပ် File သပ်သပ်ထပ်ဆောက်ပြီး ဆက်လက် Record လုပ်မှာပါ။အဲ့အတွက် ကိုယ် Record လုပ်ပြီးလို့ ပြန်ကြည့်လိုက်တဲ့အခါ Recording တစ်ခုကို File အများကြီး ဖြစ်နေတာကိုတွေ့ရမှာပါ။

ဒီ 4GB Policy ကို 2014 တုန်းကစတင်မိတ်ဆက်ခဲ့ပြီး အရင်တုန်းက ခုလို Hardware Specifications မကောင်းတာကြောင့် 4GB ထိပဲထားပေးခဲ့တာပါ။ခုတော့ 4GB ထက်ကျော်ပြီး File Size ထားခွင့်ပေးမယ့် Update ကို Google အနေနဲ့ နောက်လာမယ့် Android 11 မှာထည့်သ္ငင်းပေးသွားမယ်လို့ သိရပါတယ်။

Ref : GSMARENA

Previous
Previous

February မှာစတင်ထုတ်လုပ်မယ့် iPhone SE 2 သို့ iPhone 9

Next
Next

2019 မှာ Facebook နဲ့ Messenger download ဆွဲနှုန်းကိုကျော်တက်သွားတဲ့ Tiktok