February မှာစတင်ထုတ်လုပ်မယ့် iPhone SE 2 သို့ iPhone 9

နောက်လထဲမှာ Apple အနေနဲ့ ဈေးချိုချိုနဲ့ လူတိုင်းကိုင်နိုင်ဖို့ ရည်ရွယ်ထားတဲ့ iPhone 9 ကိုစတင်ထုတ်လုပ်တော့မှာဖြစ်ပါတယ်။တရားဝင် ရောင်းချတာတွေကိုတော့ March လထဲမှာ ပြုလုပ်သွားဖွယ်ရှိပါတယ်။ထုတ်လုပ်ရေးတွေကိုတော့ ထိုင်ဝမ်မှာ ပြုလုပ်မှာဖြစ်ပြီး ထိုင်ဝမ် Company တွေဖြစ်တဲ့ Hon Hai Precision Industory (Foxconn), Pengatron Crop နဲ့ WInstron  Corp စတဲ့ Taiwan-based Company တွေမှာ ခွဲခြားပြီး ထုတ်လုပ်မှာပါ။

အစောပိုင်း သတင်းတွေအရ iPhone 9 ရဲ့ Design ကို iPhone 8 ကနေ အတုယူထားပြီး iPhone 8 နဲ့အနည်းငယ်ဆင်တူနိုင်တယ်လို့ သိရပါတယ်။iPhone 9 မှာ Screen Size 4.7-inch, Fingerprint ID တွဲလျက် Home Button, iPhone X ရဲ့ Apple A13 Bionic Chipset စတဲ့ Hardware Specifications တွေပါဝင်လာမှာပါ။2020 Phone Trends တွေအရတော့ Screen Size သေးလွန်းတယ်လို့  ထင်ရပေမယ့် ပုံမှန် Day to Day သုံးမယ့်သူတွေအတွက်တော့ လက်ထဲမှာကျစ်ကျစ်လစ်လစ်နဲ့ သုံးလို့အဆင်ပြေစေမှာပါ။

Apple အနေနဲ့ iPhone SE2 အစား iPhone 9 လို့နာမည်ပေးရခြင်း အကြောင်းကတော့ အပြင်ပန်း Design က iPhone 8 နဲ့ဆင်တူပြီး အတွင်းပိုင်း Chipset ကတော့  iPhone X နဲ့ဆင်တူလို့ဖြစ်ပါတယ်။Ios 13 Support မရတော့တဲ့ iPhone 6 နဲ့ iPhone 6 Plus အသုံးပြုတွေအတွက် iPhone 9 ကို ရွေးချယ်စရာအဖြစ် အဓိကရည်ရွယ်ထုတ်လုပ်ထားတာပါ။

Ref : GSMARENA9To5Mac

Previous
Previous

Poco F1 ဖုန်းတွေအတွက် Android 10 Update စတင်ထုတ်ပေး

Next
Next

Resolution အမြင့်ဆုံးနဲ့ Screen Record ဖမ်းနိုင်မယ့် Android 11