Samsung ရဲ့မျိူးဆက်သစ်ခေါက်ချိုးဖုန်း Galaxy Bloom leak ထွက်ရှိလာ
ကိုရီးယားသတင်း Website ဖြစ်တဲ့Ajunews က Galaxy Bloom နာမည်နဲ့ထွက်လာနိုင်တဲ့ Samsung ခေါက်ချိုးဖုန်းအသစ် ရဲ့ leak ပုံတွေကိုပြသခဲ့ပါတယ်။

ဒီဖုန်းဟာကျစ်လစ်သိပ်သည်းတဲ့မိတ်ကပ်ဘူးဒီဇိုင်းကိုမှီငြမ်းထားပီးလူငယ်အမျိုးသမီးအများစုကိုပစ်မှတ်ထားမယ်လို့လဲ Samsung ကသူရဲ့ Partners တွေကို CES ရဲ့တံခါးပိတ်အစည်းအဝေးမှာပြောကြားခဲ့တယ်လို့သိရပါတယ်။Samsung ရဲ့ CEO ဟောင်းဖြစ်သူ DJ Koh ကလဲ Partners တွေကို display မှာPlastic Polymer တွေအစား ခေါက်ချိုးနိုင်တဲ့မှန်သားတွေကိုအသုံးပြုသွားမယ်လို့ပြောထားပါတယ်။Motorola ကလွန်ခဲ့တဲ့လတုန်းက Classic ဒီဇိုင်းနဲ့ ဒေါင်လိုက်ခေါက်ချိုးနိုင်တဲ့ဖုန်းကိုကြေငြာခဲ့ပြီးနောက် Samsung ကလဲ အဲ့လိုမျိူးအလားတူဖုန်းမျိူးလုပ်နေတဲ့လို့ tease လုပ်ခဲ့ပါတယ်။

ကမာခွံ ဒီဇိုင်းကိုမှီငြမ်းထားပီးလက်တစ်ဖက်ထဲမှာအလွယ်တကူကိုင်နိုင်မဲ့ဒီဖုန်းကို ပြင်သစ် Cosmetics brand Lancôme ရဲ့ပုံစံအတိုင်းထုတ်လုပ်ထားတယ်လို့လဲကောလဟာလတွေအရသိရပါတယ်။
ဘယ်လို Hardware များနဲ့လာမယ်ဆိုတာအတိအကျမသိရသေးပင်မဲ့ Anjnews site ရဲ့ဖော်ပြချက်အရ 8K video တွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီးတောင်ကိုရီးယားမှာတော့ 5G version ကိုဖြန့်ချီသွားမယ်လို့သိရပါတယ်။
Author : Hein Htet (Phase II)
Ref : The Verge