HUAWEI Mate 30 Pro ဖြင့် ရိုက်ကူးထားသည့် ဇာတ်လမ်းတို (Short Film) တင်ဆက်ပြသသည့် Red Carpet Show ကျင်းပပြုလုပ်
အဆင့်မြင့်နည်းပညာများ အချိန်နှင့်တစ်ပြေးညီ တိုးတက် ပြောင်းလဲနေသည်နှင့်အတူMobile Photography လောကကို ဦးဆောင်နေသည့် Huawei မှ
ဇန်နဝါရီလ ၁၉ ရက်နေ့ တွင် ပြုလုပ်ခဲ့သည့် HUAWEI Film Awards ၏ Red Carpet ပွဲတွင် ဒါရိုက်တာ အာကာ နှင့် ဒါရိုက်တာ Wayne တို့မှ HUAWEI Mate 30 Pro စမတ်ဖုန်းဖြင့် ရိုက်ကူးထားသည့် ဇာတ်လမ်းတို (Short Film) နှစ်ကားအား ပြသခဲ့သည်။
ပထမဇာတ်ကားသည် ဒုတိယကမ္ဘာစစ် (ဂျပန်ခေတ်ကာလ) ကို အခြေခံ ရိုက်ကူးထားသည့် “Unbreakable Bond” ဟု အမည်ပေးထားသည့် Short Film ဖြစ်ပြီ ဒါရိုက်တာ အာကာ (Ar Kar Production) မှ ပုံဖော်ဖန်တီးခဲ့သည်။ ဒုတိယ Short Film အား ဒါရိုက်တာ Wayne က စိတ်ကူးပုံဖော် ရိုက်ကူးထားပြီး “Relive” ဟု အမည်ပေးထားသည်။
HUAWEI Film Awards Red Carpet အခမ်းအနားသို့ Huawei မှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသူများ၊ ဒါရိုက်တာ အာကာ၊ ဒါရိုက်တာ Wayne၊ ရဲနောင်၊ အောင်ရဲထိုက်၊ Bella၊ သီရိစိုး စသည့် အနုညာရှင်များ၊ HUAWEI Film Awards ၌ ပါဝင် ယှဉ်ပြိုင်လိုသူများ၊ စိတ်ပါဝင်စားကြသူများနှင့် သတင်းမီဒီယာများမှ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ဇာတ်လမ်းတို ဖန်တီးပုံဖော်သူ ဒါရိုက်တာများနှင့် ပါဝင်ခဲ့သည့် သရုပ်ဆောင်များက HUAWEI Mate 30 Pro စမတ်ဖုန်း ဖြင့် ဇာတ်လမ်းတိုများ ဖန်းတီးရိုက်ကူးခဲ့သည့် အတွေ့အကြုံများအကြောင်းကို မျှဝေဆွေးနွေးသည့် Huawei Film Workshop ကို ကျင်းပခဲ့ပြီး တက်ရောက်လာသည့် ဧည့်သည်များက HUAWEI Mate30 Pro ကို အသုံးပြုပြီး အဆင့်မြင့် ရုပ်ရှင်၊ ဗီဒီယို ရိုက်ကူးမှုပညာရပ်များအား လေ့လာနိုင်ခဲ့သည်။
မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် HUAWEI Film Awards ကို “Unbreakable Bond” ခေါင်းစဉ်ဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး HUAWEI စမတ်ဖုန်းဖြင့် ရိုက်ကူးထားသော (၃) မိနစ်မှ (၁၀) မိနစ်အတွင်းရှိ ဇာတ်လမ်းတိုဖြင့် ပါဝင်ယှဉ်ပြိုင် ရမည်ဖြစ်ပြီး ဇန်နဝါရီလ (၂၀) ရက်နေ့မှ ဖေဖော်ဝါရီလ (၂၀) ရက်နေ့အထိ တင်သွင်းသွားရမည်ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်သူများထဲမှ ဒါရိုက်တာအာကာနှင့် ဒိုင်အဖွဲ့မှ ရွေးချယ်သော အကောင်းဆုနှင့် Voting အများဆုံးဆုဆိုသည့် ဆုနှစ်ဆုပေးအပ်သွားမည်ဖြစ်၍ ဆုရရှိသူများကို HUAWEI Mate 30 Pro များကို ဆုအဖြစ် ပေးအပ်သွားမည်ဖြစ်သည်။
ပြိုင်ပွဲအကြောင်းနှင့် စည်းမျဉ်းစည်းကမ်းများကို
https://consumer.huawei.com/my/campaign/film-awards/ တွင် လေ့လာနိုင်ပါသည်။