တရုတ်သမ္မတ Xi Jinping ရဲ့နာမည်ကို မဖွယ်မရာ Translate လုပ်မိတဲ့အတွက် Facebook တောင်းပန်နေရ
လောလောဆယ် မြန်မာနိုင်ငံမှာ ချစ်ကြည်ရေးကိစ္စနဲ့ ရောက်ရှိနေတဲ့ တရုတ်သမ္မတ Xi Jinping ရဲ့သတင်းတွေကို Facebook မှာရေးသားတာတွေရှိပါတယ်။ဒါကပြဿနာမဟုတ်သေးပေမယ့် Facebook က သမ္မတ Xi Jinping ရဲ့နာမည်ကို English to Burmese Translate လုပ်ရာမှာ AI အမှားတွေကြောင့် "Mr Shithole" လို့ ပြန်မိရာကနေ ပြဿနာတွေစတက်ခဲ့တာပါ။ဒါပေမယ့် Facebook ကတရားဝင် ပြန်လည်တောင်းပန်ခဲ့ပြီး ခုတော့ပြဿနာပြန်လည် အဆင်ပြေသွားပါပြီ။Myanmar State Counsellor Office ရဲ့ တရားဝင် Facebook Page မှာတင်ထားတဲ့ Post တစ်ခုမှာ Facebook ကနေမှားယွင်း ဘာသာပြန်မိခဲ့တာပါ။

Facebook အနေနဲ့ သူတို့ရဲ့ နည်းပညာဆိုင်ရာ မှားယွင်းမှုတွေအတွက် တရားဝင်တောင်းပန်ခဲ့ပြီး နောက်တစ်ခါမဖြစ်အောင် သေသေချာချာ ပြန်လည်စစ်ဆေးနေတယ်လို့ သိရပါတယ်။သမ္မတ Xi Jinping နဲ့ပတ်သတ်လို့ Facebook ရဲ့ Burmese Database ထဲမှာ ဘာသာပြန်စရာ Data မရှိတဲ့အတွက် Facebook AI ကနေခန့်မှန်းရာမှာ "Xi" ဆိုတာကို မြန်မာအသံထွက် "shi" နဲ့မှားပြီး "shithole"လို့ မှားယွင်းခဲ့တာလို့ သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ Unicode စံစနစ်ကို ကူးပြောင်းထားတာ မကြာသေးတဲ့အတွက် တစ်ချို့စနစ်တွေမှာ ဘာသာစကားပြဿနာတွေ ရှိနေပါသေးတယ်။ဒီအဖြစ်အပျက်ကြောင့် Facebook ရဲ့ Burmese Translation ပိတ်သွားမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Ref : The Guardian