DxOMark မှာ Camera Performance အတွက် အမှတ်မကောင်းခဲ့တဲ့ Asus ROG Phone 2
Mobile Gaming သမားတွေအတွက်တော့ လုံးဝအနှစ်ဖြစ်တဲ့ Asus ROG Phone 2 ကို DxOMark မှာတော့ Camera Performance ကိုသူ့ထက်ဈေးနည်းပြီး Generation နိမ့်တဲ့ ဖုန်းတွေထက် ပိုနည်းပြီး အမှတ်ပေးထားပါတယ်။Camera မှာ DxOMark 95 ပဲရထားတဲ့ Asus ROG Phone 2 ဟာ Mobile Gaming အတွက်တော့ Feedback ကောင်းကောင်းတွေပိုင်ဆိုင်ထားပါတယ်။

DxOMark ရဲ့ Camera Performance မှာတော့ ရုပ်ထွက်မပြတ်သားခြင်း၊အလင်းအမှောင် မညီခြင်း၊ HDR မကောင်းတဲ့အတွက် Ghosting ဖြစ်ခြင်း စတဲ့အားနည်းချက်တွေကြောင့် ရမှတ် 95 မှတ်သာရခဲ့ပါတယ်။ဒါပေမယ့် Auto Focus ပိုင်းမြန်မြန်ဆန်ဆန်နဲ့ အဆင်ပြေသလို Indoor ရိုက်ချက်တွေမှာ Bokeh ကောင်းကောင်းနဲ့ အဆင်ပြေတယ်လို့ သိရပါတယ်။Video Recording အတွက်လည်း အလားတူ ရလဒ်ရှိတယ်လို့ DxOMark မှာဖော်ပြထားပါတယ်။
Asus ROG Phone 2 လို Gaming အသားပေးဖုန်းတစ်ခုမှာတော့ ကျန်တဲ့အပိုင်းတွေကို ဝိတ်တတ်နိုင်သမျှ လျော့ထားမှာ သေချာပါတယ်။သုံးစွဲသူတွေ တော်တော်များများကလည်း Gaming အသားပေးဖြစ်တဲ့အတွက် Camera ကိုတော့အများကြီး မျှော်လင့်မထားနိုင်တာကြောင့် Camera အားနည်းပေမယ့်လည်း လက်ခံနိုင်စရာ အခြေအနေရှိတယ်လို့ ဆိုနိုင်ပါတယ်။
Ref : DXOMARK