Camera ၅ လုံး၊ ကြွေထည် Backcover နဲ့ Huawei P40 Pro
ပေါက်ကြားလာတဲ့ သတင်းတွေအရတော့ နောက်ထပ် Huawei ရဲ့ Flagship ဖုန်းဖြစ်တဲ့ Huawei P40 Pro မှာ ကင်မရာ ၅ လုံးအပြင် နောက်ကျောဖုံးကို ကြွေထည့်နဲ့ လုပ်ထားပြီး Edge-curved Technology ကို Back Panel မှာပါထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။

နောက်ထပ်သိသိသာသာ Design ပြောင်းထားတာကတော့ Body အပြင်ကို သိသိသာသာ ထိုးထွက်နေတဲ့ Camera Bump ကြီးပါ။ဒီ Camera Bump ကြီးထဲမှာ Camera ၅ လုံးကိုထည့်သွင်းထားပြီး Periscope စတိုင် Telephoto Lens ကိုမြင်တွေ့ရနိုင်ပါတယ်။Leica Lens တွေကိုသုံးထားမဲ့ ဒီဖုန်းမှာ 18-240mm Focal-length ထိရရှိနိုင်မှာဖြစ်ပြီး Ultrawide နဲ့ Telephoto အတွက် ၁၃ဆအထိ Zoom ရနိုုင်မှာဖြစ်တယ်လို့သိရပါတယ်။Huawei အနေနဲ့ Software Optimization ကိုလည်းသုံးထားနိုင်လို့ Camera ပိုင်းမှာလန်ထွက်နေမှာပါ။
Selfie Camera အတွက်ကတော့ ရုပ်ဆိုးဆိုး Notch တွေမမြင်ရတော့ပဲ Hole-Punch Display မှာ Double Camera Setup နဲ့မြင်တွေ့ရမှာပါ။ဖုန်းညာဘက်ဘေးဘောင်မှာ Power Button နဲ့ Volume Rocker ကိုထည့်ပေးထားပြီး ဘယ်ဘက်ဘေးဘောင် နဲ့ အပေါ်ဘက်ဘောင်ကိုတော့ ဗြောင်ပဲထားထားပါတယ်။အောက်ဘက်ဘောင်မှာတော့ USB-C Port နဲ့ စပီကာပဲ ပါဝင်တော့တာကြောင့် Headphone Jack ကတော့ တာ့တာပြသွားပါပြီ။ Type-C to 3.55mm Convertor လိုလာမယ့်သဘောပါပဲ။
Huawei ရဲ့ P-series Flagship ၂ လုံးကို ပြင်သစ်မှာ မိတ်ဆက်ပေးထားပြီးဖြစ်တာကြောင့် တရားဝင်မိတ်ဆက်ဖို့ကလည်း မကြာတော့ပါဘူး။နောက်တစ်ခုကတော့ Huawei P40 Pro မှာ Onboard Google Services တွေပါဝင်လာခြင်းမရှိတော့ပါဘူး။
Ref : The Verge