ဖေဖော်ဝါရီလထဲမှ Android 10 Update ရမယ့် Xiaomi Mi A3
လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကပဲ Mi A2 အတွက် Android 10 အတွက် Android 10 Update ထုတ်ပေးလိုက်ပါတယ်။Mi A2 ကိုတော့ Xiaomi က ၂၀၁၈ ကထုတ်လုပ်ရောင်းချထားတာဖြစ်ပြီး Pure Android ကိုသုံးထားတဲ့ Xiaomi ရဲ့ A Series ထဲကဖုန်းတစ်ခုဖြစ်ပါတယ်။Mi A2 အတွက် Update ပေးပြီးဖြစ်တာကြောင့် Mi A3 တွေအတွက်လည်း မကြာခင်မှာ Android 10 ရတော့မှာပါ။

Xiaomi India ရဲ့ Twitter မှာတော့ Mi A3 အတွက် Android 10 Update နဲ့ပတ်သတ်လို့ Users တွေကမေးမြန်းနေတာတွေရှိခဲ့ပြီး နောက်လ February လလယ်လောက်မှပဲ ထွက်မယ်လို့ သိရတဲ့အတွက် Users တစ်ချို့ကတော့ နောက်ကျတယ်ဆိုပြီး ဒေါသထွက်နေကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် Update Release Date ကိုသိရတဲ့အတွက် ဘယ်နေ့ထွက်မယ်မှန်း ရေရေရာရာ မသိတာထက်စာရင် စောင့်ရကျိုးနပ်တယ်လို့ ဆိုရမှာပါ။Xiaomi အနေနဲ့ နောက်မှထွက်တဲ့ Mi A3 ကို Update အရင်မပေးပဲ Mi A2 ကိုအရင် Update ဘာလို့ပေးသလဲဆိုတာတော့ စဉ်းစားစရာဖြစ်သလို Twitter မှာလည်း User တွေရဲ့ မေးခွန်းထုတ်တာကို ဆက်တိုက်ခံနေရပါတယ်။
Android 10 မှာတော့ Navigation System အသစ်၊ Dark Mode၊ Notifications Settings ပုံစံအသစ်၊ Digital Wellbeing အတွက် Family Link၊ Messaging အတွက် Smart Replies စတဲ့ လုပ်ဆောင်ချက် အသစ်တွေပါဝင်လာမှာဖြစ်ပါတယ်။
Ref : GIZMOCHINA