Telenor မှ ၂၀၂၀ တွင်မြန်မာနိုင်ငံမှာသာမက အခြားစျေးကွက်များတွင်ပုံဖော်သွားမည့် နည်းပညာရေစီးကြောင်းအခု၂၀အား မိတ်ဆက်

တယ်လီနောမှ နည်းပညာနယ်ပယ်တွင်သာမက စီးပွားရေးနဲ့ပတ်၀န်းကျင်ထိန်းသိမ်းရေး နယ်ပယ်မှာပါသက်ရောက်နိုင်တဲ့နည်းပညာ ၂၀ထဲမှ အခရာကျဆုံး ၅ခု ကိုတင်ဆက်ပေးလိုက်ပါတယ်။

1.အစိမ်းရောင်အိမ်မက်များအမှန်တကယ်ဖြစ်လာခြင်း ( Green Gets Mean )

၂၀၂၀ ခုနှစ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ဆောင်ချက်များသည်လူကြားကောင်းရုံအတွက်ပဲမဟုတ်တော့ပါဘူး။ အင်တာနက်အခြေပြုအသုံးအဆောင်ပစ္စည်းကွန်ရက် (IoT)၊ (AI)မှတ်ဉာဏ်တုတို့ကိုအသုံးပြု၍သုံးစွဲမှုနှင့်လိုအပ်ချက်ပမာဏကိုတိုင်းတာပြီးကာဗွန်အသုံးပြုမှုနှုန်း လျှော့ချခြင်းဖြင့် ကုန်ကျစရိတ်များ လျှော့ချနိုင်မည်ဖြစ်သလိုဝင်ငွေများလည်းတိုးပွားလာမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှင့်ကမိုဘိုင်းကွန်ရက် ဆက်သွယ်ရေးပစ္စည်းများကို အမြဲတမ်း ဖွင့်ထားရ ခြင်းနှင့်လည်း ဆက်စပ်နေပါတယ်။တယ်လီနောမြန်မာနှင့် ဆက်သွယ်ရေးကွန်ရက်တည်ဆောက်သည့် မိတ်ဖက်အဖွဲ့အစည်းများတာဝါစခန်းများတွင် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစနစ် များနဲ့ ပိုမိုတာရှည်ခံသော ဘက်ထရီများကို အစားထိုး အသုံးပြုပြီး လောင်စာစွမ်းအင်သုံး ဓာတ်အားပေးစက် အသုံးပြုမှုကို လျှော့ချနိုင်ခဲ့ပါတယ်။

2. ယုံကြည်မူတစ်ခု၏ရလဒ် ( What is the Cost of Trust? )
ယနေ့ခေတ်မှာ အခမဲ့ရှာဖွေမှုများ၊ လူမှုကွန်ရက် ဝန်ဆောင်မှုများသည် အမှန်တကယ် အခမဲ့မဟုတ်ကြောင်း သိရှိ လာသည့် လူဦးရေသည် ပိုမိုများပြားလာပါတယ်။ User များဟာ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ‌‌‌ဝေမျှရင်းအသုံးချခံပစ္စည်းများဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။ ထို့ကြောင့် ယုံကြည် စိတ်ချရခြင်းသည် ပိုမိုအရေးပါလာပြီးယုံကြည်မှုရယူရန် တည်ဆောက်ခြင်းသည် ၂၀၂၀ ခုနှစ် တွင် ပိုမိုခက်ခဲလာမည်ဖြစ်ပါတယ်။ အွန်လိုင်းပေါ်တွင် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်နိုင်ရန်မှာ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု၊ ခံနိုင်ရည်ရှိမှုနှင့် နားလည် နိုင်စွမ်းတို့မှာ အရေးပါဆုံးဖြစ်ပါတယ်။ထို ပြဿနာများကို ဖြေရှင်းနိုင်ရန် တယ်လီနောသည် Plan International နှင့် UNICEF ကဲ့သို့သော မိတ်ဖက်များနှင့်လည်း တက်ကြွစွာ ပူးပေါင်းလုပ်ဆောင် လျက်ရှိပြီးတယ်လီနောအနေဖြင့်လည်း အသုံးပြုသူများကို ၎င်းတို့၏ အချက်အလက်များ သိမ်းဆည်း အသုံးပြုပုံကိုအမြဲတစေအကြောင်းကြားလေ့ရှိပြီး သဘောတူညီမှုများကိုလည်း ဖြစ်နိုင်သည့်အခါတိုင်း တောင်းဆိုလေ့ရှိပါတယ်။

3. ဆင်းကတ်မဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုနည်းပညာ စတင်လာခြင်း (eSIM takes off )
၂၀၂၀မှာဆင်းကတ်မဲ့ဆက်သွယ်ရေးဝန်ဆောင်မှုနည်းပညာကို အီလက်ထရောနစ် ပစ္စည်း  အသုံးပြုသူများကြားသာမက အင်တာနက် အခြေပြု အသုံးအဆောင်ပစ္စည်းကွန်ရက် (IoT) ကုမ္ပဏီများကြားတွင်ပါ တွေ့မြင်လာရတော့မှာပါ။ eSIM ကြောင့် အသုံးပြုသူများတွေအနေနဲ့ ဆင်မ်းကတ် စတင်အသုံး ပြုရန်၊ ဝန်ဆောင်မှု ပြောင်းလဲရယူရန် လာရောက်ပို့ဆောင်မှုကို စောင့်ဆိုင်းခြင်း၊ စတိုးဆိုင်များသို့ သွားရောက်ခြင်းတို့ကို လိုအပ်တော့မှာမဟုတ်ပါဘူး။လာမည့်နှစ်အတွင်းမှာဆင်းကတ်မဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုနည်းပညာအသစ်များနှင့်အက်ပလီကေးရှင်းမိတ်ဆက်မှုများစွာကိုမြင်တွေ့ဖို့မျှော်လင့်နိုင်ပါတယ်။အဆိုပါဝန်ဆောင်မှုတွေကတယ်လီကွန်းတွေရဲ့ ဖြန့်ချီရေးစနစ်များ တည်ဆောက်ပုံအပေါ်သက်ရောက်မှုရှိလာမှာဖြစ်ပြီးအစိမ်းရောင်နည်းပညာထံလက်တွေ့အသုံးချ ကူးပြောင်းမှုကိုလည်း အရှိန်မြင့်လာနိုင်စေမှာပါ။

4.အင်အားကြီး ရုပ်သံ၀န်ဆောင်မှုများ၏ အားပြိုင်မှု ( Clash of the Streaming giants )

တည်ငြိမ်ကောင်းမွန်တဲ့ထုတ်လွှင့်မှုနှင့်၀န်ဆောင်မှုပုံစံအသစ်များဖြင့်HBOနှင့်Netflixလိုservice တွေက ကျွန်ုပ်တို့ရဲ့ဧည့်ခန်းတွေမှာနေရာယူလာကြပါပြီ။နောက်ပိုင်းမှာAppleTV+နဲ့Disney+လို ပလက်ဖောင်းအသစ်တွေပါ ပါ၀င်လာတော့မှာပါ။ မြန်မာနိုင်ငံ အင်တာနက်အသုံးပြုမှုရဲ့ ၅၀ ရာခိုင်နှုန်းက သီချင်းတွေ ရုပ်ရှင်နဲ့ ဂိမ်းများတိုက်ရိုက်ကြည့်ရှုပြီးဒေါင်းလုပ်ဆွဲကြပါတယ်။ တယ်လီ‌နောမြန်မာ၏ ၂၀၁၉ ခုနှစ် အင်တာနက်အသုံးပြုမှုနှုန်းများအရ လူသုံးအများဆုံး အက်ပလီကေးရှင်းတွေကတော့ Facebook၊YouTube၊ Tik Tok၊ VIU နှင့်Joox တို့ ဖြစ်ကြပါတယ်။ တယ်လီနောအနေနဲ့ မြန်မာနိုင်ငံမှ အသုံးပြုသူများအကောင်းဆုံးဖျော်ဖြေမှုဆိုင်ရာဝန်ဆောင်မှုများရယူနိုင်စေရန်VIU,iFlix,Joox တို့နှင့်ပူးပေါင်းလုပ်ဆောင်လျက်ရှိပါတယ်။

5. ရွှေ‌ရောင်လွှမ်းလာမည့် ဂိမ်းနယ်ပယ်( Gaming Gold Rush )

ဂိမ်းကစားသူတွေအနေနဲ့ ၂၀၂၀ ဟာရွှေရောင်လွှမ်းတဲ့နှစ်တစ်နှစ်ဖြစ်လာမှာပါ။ Apple အနေနှင့်Offline ကစားနိုင်သည့် Apple Arcade ကိုမိတ်ဆက်ပေးခဲ့ပြီးGoogle ကလဲ Cloud Gaming ဖြစ်တဲ့Stadia ကိုလဲ service ပေးထားပါတယ်။ ထိုနှစ်ခုလုံးကဂိမ်းနှင့်သက်ဆိုင်သောလှုပ်ရှားမှုများကိုချဲ့ထွင်ပြီးMicrosoft ရဲ့ xbox နဲ့ Sony ရဲ့ Play Station တို့နှင့်ယှဉ်ပြိုင်လာမှာပါ။ မြန်မာ့ဂိမ်းနယ်ပယ်မှာလဲ အပျော်တမ်းကစားမှုများမှ ပြိုင်ဆိုင်မှု ပြင်းထန်သော အီလက်ထရောနစ်အားကစားအဖြစ် လျင်လျင်မြန်မြန် ကူးပြောင်းသွားခဲ့ပြီး ဂိမ်းတွေကိုလည်း ပုံစံမျိုးစုံအဖြစ်ပုံဖော်ကစားနေကြပါပြီ။နည်းပညာတွေသိသိသာသာတိုးတက်လာတာနဲ့အတူအွန်လိုင်းဂိမ်းတွေကမိုဘိုင်းဒေတာကွန်ယက်များကို အသုံးပြုပြီး ကမ္ဘာအနှံ့မှ ဂိမ်းကစား သူများနှင့် အချိန်‌မရွေး၊ နေရာမရွေး ချိတ်ဆက်ကစားနိုင်မှာပါ။တယ်လီနောမြန်မာအနေနဲ့ မြန်မာနိုင်ငံရဲ့ တိုးတက်ကျယ်ပြန့်နေသည့်ဂိမ်းကစား ကြသူများ အတွက်အဓိက ပံ့ပိုးပေးနေသူ တစ်ဦးဖြစ်သည့်အလျောက် My Telenor အက်ပလီကေးရှင်းတွင် ဂိမ်းများပါဝင်သည့်အပြင်တယ်လီနောအနေနှင့်လည်း မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားပညာရှင်များအသင်းနှင့် တက် ကြွစွာပူပေါင်းပံ့ပိုးလျက်ရှိသည်။

Author: Hein Htet (Phase 2)
Ref: Telenor tech trends

Previous
Previous

Camera ၅ လုံး၊ ကြွေထည် Backcover နဲ့ Huawei P40 Pro

Next
Next

တစ်ကမ္ဘာလုံးရောင်းအား အလုံးရေ ၆သန်းကျော်အထိရောက်ရှိထားတဲ့ realme 5 series မှ realme 5i နှင့် True Wireless အမျိုးအစား realme Buds Air တို့ကို ယခုဇန်နဝါရီလ အတွင်း မိတ်ဆက်ပေးသွားမည်