120Hz Display ပါဝင်မယ့် Samsung Galaxy S20

တစ်ဖြည်းဖြည်းနဲ့ နီးကပ်လာတဲ့ S20 Series မိတ်ဆက်ပွဲနဲ့အတူ ဖုန်းတွေရဲ့အသေးစိတ် Specifications တွေလည်း ပိုပြီးပေါက်ကြားလာပါတယ်။နောက်ဆုံးထွက် သတင်းတွေအရ S20 မှာ 120Hz Screen Refresh Rate ပါဝင်မယ်လို့ သိရပါတယ်။နောက်ထပ် သိရတဲ့သတင်းကတော့ 3.5mm Headphone Jack မပါဝင်တော့ဘူးဆိုတာပါ။

S20 Plus မှာဆိုလည်း 3200*1440 Pixel Display ကို 20:9 Aspect Ratio 20:9 ရှိမှာဖြစ်ပြီး Hole-punch Display ဖြစ်မှာပါ။Display Refresh Rate ကလည်း 120Hz ဖြစ်လို့ Animation တွေ၊ Gaming Experience ကောင်းမွန်နေမှာတော့ ပြောဖို့မလိုပါဘူး။တစ်ခုခြွင်းချက်ကတော့ 120Hz သုံးရင် FHD+ Resolution ပဲရနိုင်မှာဖြစ်ပြီး 60Hz နဲ့သုံးမယ်ဆိုရင်တော့ WQHD+ နဲ့သုံးလို့ရနိုင်ပါမယ်။Fingerprint Sensor ကိုတော့ Samsung  ထုံးစံအတိုင်း Ultrasonic in-display Fingerprint Sensor ကိုပဲသုံးမှာဖြစ်ပြီး Second Generation ဖြစ်တဲ့ 3D Sonic Max Sensor ကိုသုံးဖို့အတွက်ကတော့ စောနေသေးတယ်လို့ သိရပါတယ်။

ကောလဟာလတွေအရ S20 Plus မှာ 25W Fast Charging, 12GB RAM, 4,500mAh စတဲ့ Hardware တွပါဝင်လာနိုင်တာပါ။နောက်တစ်ခုကတော့ 3.5 mm Jack အစား USB-C ပေါက်ကနေပဲ Convertor နဲ့နားထောင်ရတော့မှာဖြစ်ပါတယ်။Samsung အနေနဲ့ 2020 မှာ Screen Size 6.2-inch ရှိတဲ့ S20, 6.7-inch ရှိတဲ့ S20 Plus, 6.9-inch ရှိတဲ့ S20 Ultra လို့အမည်ရတဲ့ ဖုန်း 3 မျိုးထုတ်သွားဖို့ ရှိပြီး ဖုန်း ၃ မျိုးလုံးမှာ Qualcomm ရဲ့ Snaprdragon 865 Chipset ကိုသုံးသွားမယ်လို့ သိရပါတယ်။

Ref : The Verge

Previous
Previous

တစ်ကမ္ဘာလုံးရောင်းအား အလုံးရေ ၆သန်းကျော်အထိရောက်ရှိထားတဲ့ realme 5 series မှ realme 5i နှင့် True Wireless အမျိုးအစား realme Buds Air တို့ကို ယခုဇန်နဝါရီလ အတွင်း မိတ်ဆက်ပေးသွားမည်

Next
Next

Direct Messaging ကို Instagram Web Version ကို သုံးနိုင်တော့မယ်