Direct Messaging ကို Instagram Web Version ကို သုံးနိုင်တော့မယ်
Instagram ဟာ သူတို့ရဲ့ Web Version ဖြစ်တဲ့ www.instagram.com မှာ Direct Messaging Feature ကိုနောက်ဆုံးတော့ ထည့်သွင်းတော့မှာပါ။ အရင်ကဆိုရင် Web Version မှာ Insta Feeds ကို Scroll လုပ်ရင်း Message ပို့ချင်လာပြီဆိုရင် Mobile ထဲကို သွားသွားနေရတဲ့ ဒုက္ခတွေကနေ ကင်းဝေးတော့မှာဖြစ်ပါတယ်။
Instagram ဟာ ဒီနေ့ကနေစတင်ပြီး အသုံးပြုသူအနည်းစုကို Instagram Web Version ပေါ်မှာ DM ပို့လို့ရတဲ့ Feature ကိုဖွင့်ပေးထားပါတယ်။ Business တွေအနေနဲ့ဆိုရင် Desktop Version ကိုပဲ အသုံးပြုတာများတာဖြစ်တဲ့အတွက်ကြောင့် Web Version မှာ DM ဖွင့်ပေးလိုက်တာဟာ သူတို့အတွက် အတော်ကောင်းတဲ့ Experience ကိုပေးနိုင်မယ်လို့ဆိုပါတယ်။ ဒါ့အပြင် DM တွေအများကြီးပို့တတ်တဲ့သူတွေအတွက် ဖုန်းမှာတင်မက Desktop Version မှာလည်းသုံးနိုင်တော့မှာပါ။

Web Version မှာပါလာမယ့် DM Feature ဟာ ဖုန်းပေါ်မှာ အသုံးပြုရသလိုပဲဖြစ်မှာပါ။ Web ကနေပြီးတော့ Group တွေလုပ်တာမျိုး၊ တစ်ယောက်တည်းကို DM သွားလုပ်တာမျိုးတို့ကို လုပ်နိုင်မှာပါ။ ဖုန်းမှာလိုပဲ Web မှာလည်း Double-tap ပြီး Message ကို Like တာတွေ၊ ပြီးရင် ပုံပို့တာတွေကိုလည်း လုပ်နိုင်ပါတယ်။ အကယ်၍ ကိုယ်က ခွင့်ပြုထားမယ်ဆိုရင် Desktop Notification ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Facebook ဟာ လွန်ခဲ့တဲ့ နှစ်ပိုင်းကနေစပြီး တစ်ယောက်နဲ့ တစ်ယောက်ချိတ်ဆက်ဖို့ကို တော်တော်အသားပေးလာတာကို တွေ့ရပါတယ်။ Facebook Redesign မှာဆိုလည်း ကိုယ်နဲ့ ဝါသနာတူသူတွေနဲ့ ဆက်သွယ်ဖို့ Group တွေကို Focus ထားထားတာကို သတိထားမိမှာပါ။ ပြီးရင် Messenger ကိုလည်း အထူးပြုမွမ်းမံထားပြီး ရိုးရှင်းလှပတဲ့ ပုံစံနဲ့ တစ်ယောက်နဲ့ တစ်ယောက် စကားပြောရတာ ပိုလွယ်ပြီး ရိုးရှင်းလာအောင်အသားပေးထားတာကို သတိထားမိမှာပါ။ ပြီးရင် Interaction တွေအတွက် လွယ်ကူလာအောင် Stories တွေကိုလည်း စနစ်တကျ စီမံလာတာကို တွေ့ရပါတယ်။ ခုဆိုရင်လည်း Instagram မှာ Private Messenging ကိုအသားပေးဖို့ DM Feature ကို Web Version မှာဖွင့်ပေးတော့မှာဖြစ်ပါတယ်။
Mark Zukerberg ဟာ Facebook, WhatsApp, Instagram သုံးသူတွေကို အချင်းချင်းစာပို့လို့ရအောင် ကြိုးစားမယ်ဆိုပြီး မနှစ်ကပြောခဲ့ပါတယ်။ ဒီလိုပုံစံမျိုးကိုတော့ ခုချိန်မှာမတွေ့ရသေးပါဘူး။ ဒါပေမဲ့ Facebook မိခင်ကုမ္ပဏီဟာ သူတို့ရဲ့ထုတ်ကုန်တွေအားလုံးမှာ Messenging ကိုဂရုစိုက်ပြီး Develop လုပ်နေတာကိုတော့ သတိထားမိပါတယ်။ Facebook Messenger, Instagram နဲ့ WhatsApp သုံးခုလုံးမှာ WhatsApp တစ်ခုကသာ End-to-end Encryption ကို Default အနေနဲ့ဖွင့်ထားပေးတာဖြစ်ပါတယ်။
Ref: The Verge