ပါးလွှာကျစ်လစ်တဲ့ကိုယ်ထည် Ergo Lift ဒီဇိုင်းနဲ့ Pro Office Power User သမားတွေအတွက် Asus Zenbook 14 UM431D

Performance
Processor ပိုင်းကနေစပြောရမယ်ဆိုရင်တော့ AMD Ryzen 7 3700 U ကိုသုံးထားတာဖြစ်တဲ့အတွက်တခြား ultra book တွေနဲ့ ယှဉ်ရင်ဈေးသက်သာပီးတော့ Performance ပိုင်းမှာ ဆိုရင် Intel core i7 8th gen နဲ့ အတူတူလောက်ညီတယ်။ Core အရေအတွက်ကတော့ Ryzen 7 မှာ physical core အရေအတွက် 4 core ပါဝင်ပီးတော့ core တစ်လုံးချင်းဆီမှာ logical core 2 လုံးဆီတွဲဖက်ပါဝင်မှာဝင်မှာဖြစ်လို့ multitasking ပိုင်းမှာ word,excel,powerpoint,chrome,onenote,viber စတဲ့ app တွေနဲ့ virtual desktop တွေကိုကောင်းကောင်း handle လုပ်နိုင်ပါတယ်။ CPU speed ကတော့ turbo speed 4.0 GHz, Base Clock speed 2.3 GHz (up tp 4GHz) အပြင် PassMark benchmarks score ကတော့ 7985 ရရှိထားပါတယ်။ real life usage မှာလဲ Ram 8 GB နဲ့ဆိုတော့ကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းတွေကိုလျင်မြန်စွာအဆင်ပြေပြေလုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။ CPU နည်းပညာကတော့ 12 nm zen core architecture ဖြစ်ပီး specification ကတော့ 4 cores 8 threads ပါ။

Display
Display ပိုင်းမှာတော့ 16:9 14-inch LED-backlit IPS LCD နဲ့အတူ screen to body ratio 86% slim bezel nano edge display က တော်တော် immersive ဖြစ်ပီး 100% sRGB color coverage နဲ့ wide-view technology က maximum viewing angle 178 degree အထိပေးစွမ်းနိုင်ပါတယ်။ sRGB နည်းပညာကတော့ browser တွေ Program တွေရဲ့ တစ်မျိုးဆီ original colour space information တွေကိုမေ့ထားလိုက်ပီး sRGB image အနေနဲ့ပဲ render ချလိုက်တာကြောင့် အရောင်တွေကိုတသမတ်တည်းပြသပေးနိုင်တာကြောင့် ပိုကောင်းတဲ့ အ‌ရောင်အရည်အသွေးနဲ့ သဘာဝကျပီးတိကျတဲ့အရောင်အရည်အ‌သွေးတွေကိုထုတ်လုပ်ပေးနိုင်ပါတယ်။ resolution အနေနဲ့ (1920x1080) ဖြစ်ပီး pixel density ကတော့ 157 ppi ထိရှိပါတယ်။

Graphic
Graphic မှာတော့ AMD Radeon Rx vega 10 က GPU စုစုပေါင်း core count 10 ခုနဲ့ graphic RAM 2 GB ပါဝင်တဲ့အတွက်ကြောင့် Gaming Laptop မဟုတ်ပေမဲ့ dota 2 , CSGO တို့ကို High setting မှာ 60 FPS လောက်နဲ့ အသာလေးဆော့နိုင်မှာပါ။illustrator နဲ့ Photoshop design ဆွဲချင်တဲ့ လူတွေအတွက် RX Vega 10 က entry level desktop GPU နဲ့ ညီတဲ့ performance ကြောင့်သင့်‌လျော်မှာပါ။

Speaker
Harman Kardon stereo surround speaker ကို keyboard ဘေးတစ်ဖက်တစ်ချက်ဆီမှာတပ်ဆင်ပေးထားလို့ဂိမ်းဆော့တာနဲ့ Entertainment အတွက် immerse sound effect ကိုခံစားနိုင်မှာပါ။ Smart Amplifier Technology ကြောင့် အသံ volume အမြင့်ကြီးမှာ speaker ကို အသံတုန်ချင်းထိခိုက်ခြင်းမှကာကွယ်‌ပေးနိုင်ပါတယ်။


Battery
2 cell 47WH lithium-polymer Battery က real life usage မှာ 7 နာရီလောက်အသုံးခံပါတယ်။ Ryzen 7 mobile processor က power efficiencyကောင်းမွန်တဲ့အတွက်တနေ့တာ internet browsing နဲ့ office usages တွေကိုကောင်းကောင်းကျော်ဖြတ်နိုင်မှာပါ။


Built Quality and Design
Built Quality ပိုင်းမှာတော့ aluminum metal body နဲ့ တည်ဆောက်ထားပါတယ်။ Durability ပိုင်းမှာတော့ Asus zenbook series တွေက military standard STD 810 G ကို Pass ဖြစ်ထားတာကြောင့် လွတ်ကျပြုတ်ကျတာတွေနဲ့ Temperature အပြောင်းအလဲတွေကိုခံနိုင်မှာပါ။ outdoor sunlight အပူချိန်မြင့်တက်မူ နဲ့ indoor အပူချိန်အ ပြောင်းအလဲ တို့ကို ကောင်း မွန်စွာခံနိုင်ရည်ရှိမှာပဲဖြစ်ပါတယ်

Thin and sleek premium finish ကြောင့် smart ကျကျ Presentation ပြနိုင်မှာပါ။ Ergo lift ဒီဇိုင်းရဲ့အားသာချက်က laptop body ကိုအနည်းငယ်မြောက်သွားစေတဲ့အတွက် device ကိုအပူလွန်ခြင်းမှလျော့နည်းစေမှာပါ။
Software and features
Software နဲ့ features ကတော့ Built in window 10 license ပါမယ် touch pad ညာဘက်အပေါ်ထောင့်မှာ finger print scanner, HD web camera နဲ့ Battery ပိုင်းမှာတော့ Asus Battery Health Caring တို့ ပါဝင်မှာပဲဖြစ်ပါတယ်။


Connectivity and Ports
Ports တွေအနေနဲ့ကတော့ charging port, HDMI ,USB 3.0,Type C ညာဘက်မှာတော့ USB 2.0, Standard Headphone Jack နဲ့ SD card reader တို့ပဲဖြစ်ပါတယ်။ Connectivity မှာတော့ Wifi dual band 5 နဲ့ Bluetooth 5.0 support လုပ်ပေးထားပါတယ်။

Conclusion
AMD ရဲ့  7nm Zencore Architecture နဲ့ Radeon RX Vegan 10 တို့ရဲ့ တွဲဖက်မှူကြောင့် Daily usage နဲ့  Gaming ကိုပေါ့ပေါ့ပါးပါးသုံးနိုင်မှာပါ။ design ပိုင်းကလဲ smart ဖြစ်တာကြောင့်လူငယ်တွေပါမကျန်လူကြီးတွေပါအကြိုက်တွေ့စေမှာပါ။
ဒီ Zen book 14 က ultra book တလုံးကိုဒေါ်လာ 1000 ကျော်မသုံးချင်တဲ့လူတွေ Premium Finish ကို smart ကျကျ သုံးချင်တဲ့ design လေးလဲ ဆွဲချင်တယ် ဂိမ်းလေးလဲဆော့ချင်တယ် ပေါ့ပေါ့ပါးပါး ဟိုဟိုဒီဒီယူသွားချင်တယ်ဆိုတဲ့လူတွေအတွက်တော့အကြိုက်တွေ့စေမှာပါ။

Author: Hein Htet

Ref: digit.in

Previous
Previous

Direct Messaging ကို Instagram Web Version ကို သုံးနိုင်တော့မယ်

Next
Next

Display ကို Rotate လုပ်လို့ရမဲ့ TV များ