တစ်ကမ္ဘာလုံးရောင်းအား အလုံးရေ ၆သန်းကျော်အထိရောက်ရှိထားတဲ့ realme 5 series မှ realme 5i နှင့် True Wireless အမျိုးအစား realme Buds Air တို့ကို ယခုဇန်နဝါရီလ အတွင်း မိတ်ဆက်ပေးသွားမည်
realme အနေဖြင့် ကမ္ဘာ့စမတ်ဖုန်းလောကသို့ ဝင်ရောက်လာခဲ့ပြီးနောက် ခေတ်လူငယ်များပိုမိုနှစ်သက်သဘောကျစေမည့် စမတ်ဖုန်းထုတ်ကုန်များကို မိတ်ဆက်ထုတ်လုပ်ပေးလာခဲ့ပါတယ်။ realme အနေနဲ့ လူငယ်များကြိုက်နှစ်သက်တဲ့ စမတ်ဖုန်းအမှတ်တံဆိပ်အဖြစ် အချိန်တိုအတွင်းရပ်တည်လာခဲ့သလို လက်ရှိအချိန်တွင် ကမ္ဘာ့အဆင့်-၇ စမတ်ဖုန်းထုတ်လုပ်သူအဖြစ်ပါ ရပ်တည်ထားပြီး realme အနေဖြင့် ယခု ၂ဝ၂ဝ အတွင်း Product Ecosystem တစ်ခုကို ပိုမိုပီပြင်စွာထွက်ပေါ်လာစေရန်အတွက် ထုတ်ကုန်အချင်းချင်းချိတ်ဆက်အသုံးပြုနိုင်စေမည့် IoT (Internet of Things) ထုတ်ကုန်အဖြစ် Smart Watch များကိုပါ မိတ်ဆက်ပေးသွားရန် ပြင်ဆင်လျက်ရှိပါတယ်။၂ဝ၁၉ အကုန်ပိုင်းတွင် နိုင်ငံတကာဈေးကွက်နှင့် မြန်မာပြည်ဈေးကွက်သို့ realme 5 series ထုတ်ကုန်များတင်ပို့ရောင်းချခဲ့ရာမှာ အလုံးရေ ၆သန်းကျော်အထိရောင်းချခဲ့ပြီးရလဒ်ကောင်းများကိုရရှိခဲ့ပါတယ်။

အဆိုပါ ထုတ်ကုန်များတွင် realme 5၊ realme 5 Pro၊ realme 5s နှင့် မကြာသေးမီက အိန္ဒိယ၊ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား အစရှိသည့်နိုင်ငံတို့တွင် မိတ်ဆက်ပေးခဲ့သည့် realme 5i တို့ပါဝင်ခဲ့ကြပြီး မြန်မာပြည်မိုဘိုင်းဈေးကွက်အတွက်လည်း realme 5i စမတ်ဖုန်းသစ်ကို ယခု ၂ဝ၂ဝ၊ ဇန်နဝါရီလ လကုန်ပိုင်းတွင် မိတ်ဆက်ပေးသွားမည်ဖြစ်ပါတယ်။ realme Myanmar အနေဖြင့် realme 5i အတွက် ဈေးကွက်တွင် ပိုမိုလူကြိုက်များ တောင်းဆိုလာသည့် RAM+ROM တွဲဖက်မှုအဖြစ် 4+64 version ကို အဓိကထားတင်သွင်းပေးသွားမည်ဖြစ်ပြီး ပိုမိုဆွဲဆောင်မှုရှိစေမည့် ဈေးနှုန်းမျိုးဖြင့်ပါရောင်းချပေးသွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ realme 5i တွင် Quad Camera၊ 5000 mAh battery တို့နှင့်အတူ ကောင်းမွန်သည့် feature များပါဝင်လာမည်ဖြစ်ပြီး နောက်ကျော်ဘက် cover texture မှာ လက်ဗွေယာမထင်သည့် material ကိုအသုံးပြုပေးထားမည်ဖြစ်သည်။ လာမည့် realme 5i မိတ်ဆက်ပွဲတွင် နည်းပညာလောကမှ တောင်းဆိုနေကြည့် True Wireless အမျိုးအစားဖြစ်သည့် realme Buds Air ကိုပါ တစ်ပါတည်းမိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ပါတယ်။