လက်တစ်ဖဝါးစာပဲ အရွယ်အစားရှိတဲ့ Aukey 100W USB-C Charger

CES 2020 ရဲ့ နောက်ထပ် Innovative ဖြစ်တဲ့ နည်းပညာတစ်ခုကတော့ Aukey ကမိတ်ဆက်ခဲ့တဲ့ 100W USB-C Charger ပဲဖြစ်ပါတယ်။100W ဖြစ်ပေမယ့် Size ကလက်တစ်ဖဝါးစာပဲ ရှိလို့ တော်တော်လေး Portable ဖြစ်ပါတယ်။Chargers တွေမှာ Gallium Nitride (GaN)) နည်းပညာဖြစ်တဲ့ Gallium ကို သာမန်သုံးနေကျ Sillicon တွေနဲ့  အစားထိုးလိုက်တာကြောင့်  Size ပိုသေးသွားပြီး အားဝင်တာလည်း ပိုမြန်လာပါတယ်။

Aukey 100W Omnia USB-C Charger ဟာ MacBook 13-inch 61W Charger ထက် 66% ပိုသေးတဲ့အပြင် Voltages လည်းပိုခံနိုင်လာပါမယ်။Omnia Series မှာ 100W အပြင် 65W, 61W Charger ကိုလည်း Portable Size နဲ့ထွက်ဦးမှာဖြစ်ပြီး USB-C ဒါမှမဟုတ် USB-A ဆိုပြီး ရွေးနိုင်မှာဖြစ်ပါတယ်။ဒီ Product တွေကို ၂၀၂၀ အတွင်းထုတ်လုပ်မှာဖြစ်ပြီး ဈေးကိုတော့ မသိရသေးပါဘူး။

Ref : TechBoom

Previous
Previous

Screen နည်းပညာအသစ်ကို မိတ်ဆက်မယ့် Oneplus

Next
Next

တရုတ်ပြည်မှာ သောင်းနဲ့ချီတဲ့ CCTV Account တွေ Hack ခံရပြီး Online ပေါ်ပြန်ရောင်းချခံရ