တရုတ်ပြည်မှာ သောင်းနဲ့ချီတဲ့ CCTV Account တွေ Hack ခံရပြီး Online ပေါ်ပြန်ရောင်းချခံရ
တစ်ယောက်ယောက်ရဲ့ CCTV ကိုဝင်ခွင့်ရသွားရင် ဘာဖြစ်နိုင်မလဲ။CCTV တပ်ထားတဲ့ နေရာကိုလိုက်ပြီး နောက်ဆက်တွဲတွေက ဆိုးရွားလာနိုင်ပါတယ်။တရုတ်နိုင်ငံမှာ ကိုယ်မသိတဲ့ လူတစ်ယောက်ရဲ့ CCTV Login Account ကိုဝယ်ဖို့အတွက် US $7.20 ပဲကျသင့်ပြီး တစ်ကယ်လို့ ဝတ်လစ်စလစ် ပုံတွေပါဝင်တဲ့ CCTV Recording တွေဆိုရင်တော့ US $14.39 နဲ့ Online ပေါ်မှာတရုတ် Hacker တွေက ရောင်းချခဲ့တဲ့အတွက် Zhejiang ရဲစခန်းကနေပြီး ဒီဖြစ်ရပ်မှာ ပါဝင်တဲ့ လူ ၃၂ ဦးကို ဖမ်းဆီးထားပါတယ်။
ခုဖြစ်ရပ်မှာ ပါဝင်တဲ့ CCTV Camera တွေအနေနဲ့ ဘယ် Company ကထုတ်လုပ်ထားတဲ့ Camera တွေဖြစ်တယ်ဆိုတာကို သေချာမသိရပေမယ့် Hack ခံရတဲ့ Account တွေကတော့ Default Password တွေပဲ သုံးထားခဲ့တာ ဖြစ်တယ်လို့ တာဝန်ရှိရဲတစ်ဦးက ပြောခဲ့ပါသေးတယ်။အလားတူဖြစ်ရပ်မျိုးနဲ့ ပုံစံတူ Xiaomi မှာလည်းဖြစ်ခဲ့ဖူးပြီး Xiaomi Camera ကနေ Google Nest Hub ကို Live Stream လုပ်ဖို့ချိတ်ဆက်ရင်း တစ်ခြားသူရဲ့ Camera View ကိုမြင်ခဲ့တာပါ။US မှာလည်း Amazon's Ring Home Camera ကို Hack ပြီး ငွေညှစ်တဲ့ ဖြစ်ရပ်တွေရှိခဲ့ပြီး မိမိအိမ်မှာ CCTV သုံးသူတွေအနေနဲ့ သတိပြုစရာ ဖြစ်ရပ်တစ်ခုပါ။
Ref : China Tech City