Screen နည်းပညာအသစ်ကို မိတ်ဆက်မယ့် Oneplus
Oneplus အနေနဲ့ CES 2020 မှာ Concept One Smartphone နဲ့အတူ ကိုယ်ပျောက်ကင်မရာကို မိတ်ဆက်ခဲ့ပြီး မကြာခင်မှာပဲ နောက်ထပ်ကျင်းပမယ့် တရုတ်နိုင်ငံက ပွဲတစ်ခုမှာလည်း Screen နည်းပညာတစ်ခုကို မိတ်ဆက်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ထားတဲ့ Poster ထဲမှာ Screen Layers တွေအများကြီးကို ထပ်ထားတာကြောင့် ခန့်မှန်းရသလောက် 120Hz Display ဖြစ်ဖို့များနေပြီး သေချာသိရဖို့အတွက် ရင်ခုန်စွာစောင့်ကြည့်ရမှာဖြစ်ပါတယ်။Oneplus အနေနဲ့ 2020 ထုတ် Oneplus တွေမှာ 5G, Disappering Camera, 120Hz Display စတဲ့ နည်းပညာတွေ ပါလာဖို့ သေချာသလောက် ရှိနေပါပြီ။
Ref : OnePlus