လုံခြုံရေးပိုင်း အားနည်းချက်တွေ ရှိနေတယ့် Tik Tok
တရုတ်နိုင်ငံပိုင် Tik Tok Company အနေနဲ့ လုံခြုံရေးအားနည်းချက်တွေ အများကြီးရှိနေတာကို နိုင်ငံခြား Cybersecurity Companyတစ်ခုဖြစ်တဲ့ Check Point က ထုတ်ပြန်ခဲ့ပါတယ်။Hacker အနေနဲ့ Tik Tok မှ စာပို့ဟန်ဆောင်ကာ Link တစ်ခုပါတဲ့ SMS ကိုပို့ပြီး တစ်ဖက်မှ Link ကိုနှိပ်မိတာနဲ့ Account ကိုထိန်းချုပ်ခွင့် ရသွားနိုင်တာပါ။ဒါ့အပြင် အတွင်း Infrastructure မှာလည်း အားနည်းချက်တွေရှိတာကြောင့် Tik Tok Account တစ်ခုကနေ စပြီးတစ်ခြား အကောင့်တွေကိုပါ ဆက်တိုက် တိုက်ခိုက်နိုင်ပါသေးတယ်။

Tik Tok ကို ByteDance လို့ခေါ်တဲ့ Chinese Company တစ်ခုက ပိုင်ဆိုင်ထားပါတယ်။အမေရိကန်နိုင်ငံ အနေနဲ့ကတော့ Tik Tok အနေနဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ နေ့စဉ်ဘဝကို Tik Tok ကနေတစ်ဆင့် ခိုးယူနေတယ်လို့ သံသရ ရှိနေပြီး အမေရိကန်စစ်တပ်က ဝန်ထမ်းတွေအားလုံးကို Tik Tok မသုံးဖို့ထိ တင်းကြပ်ထားတာပါ။
Ref : The Verge