နှစ်သစ်မှာ OPPO Reno2 F စမတ်ဖုန်းများကို အထူးစျေးနှုန်းများနဲ့ ရောင်းချပေးသွားမယ့်New Year Promotion
OPPO Myanmar မှ ၂၀၂၀ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ ဇန်နဝါရီလ (၄)ရက်နေ့ကနေ စတင်ပြီး OPPO Reno2 F စမတ်ဖုန်းတွေကို သတ်မှတ်ထားတဲ့ အထူးစျေးနှုန်းတွေနဲ့ ဝယ်ယူနိုင်မယ့် New Year Promotion အစီအစဥ်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီအစီအစဥ်မှာတော့ OPPO ကနေထွက်ရှိထားတဲ့ Reno2 F ရဲ့အရောင် (၂) မျိုးဖြစ်တဲ့ အစိမ်းရောင်သန်းနေတဲ့ ကန်ရေပြင်လိုမျိုး တည်ငြိမ်တဲ့ Lake Green အရောင် နဲ့ အဖြူရောင် တိမ်တိုက်တွေရဲ့ သန့်ရှင်းစင်ကြယ်မှုကို ကိုယ်စားပြုတဲ့Sky White အရောင်တွေကို သတ်မှတ်ထားတဲ့ အထူးစျေးနှုန်းတွေနဲ့ ရောင်းချပေးသွားမယ့်အပြင် မေတ္တာလက်ဆောင်များ ကိုလည်း ပေးအပ်သွားဦးမှာ ဖြစ်ပါတယ်။
New Year Promotionအနေနဲ့ရောင်းချပေးသွားမယ့် OPPO Reno2 F Lake Green အရောင်ကတော့ ယောကျ်ားလေးတွေနဲ့အထူးသင့်တော်တဲ့ ဖုန်းလေးတစ်လုံး ဖြစ်ပြီး အစိမ်းရောင်ကြောင့် ကိုင်ထားတဲ့အချိန်တိုင်း တည်ငြိမ်ရင့်ကျက်တဲ့ အသွင်အပြင်ကို ခံစားရစေမှာ ဖြစ်ပါတယ်။ ၆.၅” ရှိတဲ့ AMOLED Panoramic Screen ပါဝင်တဲ့အပြင် Dolby Atmos အသံထွက်တွေကြောင့် ဂိမ်းတွေပဲဆော့ဆော့၊ ရုပ်ရှင်တွေပဲကြည့်ကြည့် ရွှန်းစိုတောက်ပတဲ့ မျက်နှာပြင်နဲ့အတူ အသံထွက်ကောင်းမွန်မှုကိုလည်း အပြည့်အဝခံစားနိုင်မှာ ဖြစ်ပါတယ်။ တစ်နေ့တာ လုပ်ဆောင်ချက်တွေမှာ အေးအေးဆေးဆေး အသုံးပြုနိုင်ဖို့အတွက်Ram ကိုလည်း 8GB အထိထောက်ပံ့ပေးထားသလိုRom အားဖြင့် 128GB အထိ ထည့်သွင်းပေးထားတဲ့အတွက်storage မလောက်မှာလည်း ပူစရာမလိုတော့ပါဘူး။ New Year Promotion အနေနဲ့ ရောင်းချပေးသွားမယ့် OPPO Reno2 F Lake Green အရောင်ကိုတော့ ယခင်ထက် (၃၀,၀၀၀)ကျပ် သက်သာတဲ့ အထူးစျေးနှုန်း (၄၉၉,၉၀၀) ကျပ်နဲ့ နီးစပ်ရာ OPPO ဖုန်းအရောင်းကောင်တာတိုင်းမှာ ရောင်းချပေးနေပြီ ဖြစ်ပါတယ်။

နောက်ထပ် OPPO Reno2 F အရောင်တွေထဲကနေ မိန်းကလေးတွေနဲ့ ပိုပြီး လိုက်ဖက်မှုရှိမယ့် Sky White အရောင်လေးကိုလည်း New Year Promotion အနေနဲ့ အထူးစျေးနှုန်း (၄၇၉,၉၀၀) ကျပ်နဲ့အတူ ယခင်ကထက် (၅၀,၀၀၀)ကျပ်အထိ သက်သာတဲ့ စျေးနှုန်းနဲ့ရောင်းချပေးသွားဦးမှာဆိုတော့ နှစ်သစ်မှာ ဖုန်းလဲချင်သူတွေအတွက်လက်လွှတ်မခံသင့်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။ Reno2 F မှာဆိုရင် ဓာတ်ပုံရိုက်ရတာ ကြိုက်တဲ့ မိန်းကလေးတွေအတွက် 48MP Quad Cameraနဲ့အတူ 119°Ultra Wide Angle ပုံတွေကို ရိုက်ကူးနိုင်မယ့် 8MP Ultra Wide Lensပါဝင်ထားတဲ့အတွက် ကိုယ့်ရဲ့ဓာတ်ပုံလေးတွေကို မလှမှာလဲ စိတ်ပူစရာမလိုတော့သလို အချိန်တိုင်း၊ နေရာတိုင်း ပုံထွက်ကောင်းကောင်းနဲ့ ရိုက်ကူးနိုင်ဦးမှာပါ။ နောက်ပိုင်း ဗီဒီယိုရိုက်တာ ပိုခေတ်စားလာသလို အမှတ်တရဗီဒီယိုတွေကို ရိုက်ကူးချင်တဲ့သူတွေအတွက် လက်ကလှုပ်ရှားနေရင်တောင် တည်ငြိမ်တဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်တဲ့ Anti Shake Video ဆိုတဲ့ function လေးကို ထည့်သွင်းပေးထားပါသေးတယ်။ ဒါ့အပြင်Reno2 F ရဲ့ Pop-up Camera ကို အရောင် (၁၂)ရောင်အထိ ကိုယ့်စိတ်ကြိုက် ပြောင်းလဲအသုံးပြုနိုင်တဲ့အချက်ကလည်း မိန်းကလေးတိုင်း သဘောကျစေမယ့် function လေးတစ်ခု ဖြစ်ပါတယ်။ Reno2 F မှာ တစ်နေ့တာလုံး စိတ်ကြိုက်အသုံးပြုနိုင်ဖို့အတွက် 4000 mAhရှိတဲ့ ဘက်ထရီကို 0 to 100% ကို မိနစ် (၈၀)အတွင်း အားအပြည့်သွင်းပေးနိုင်တဲ့ အမြန်အားသွင်းစနစ် VOOC 3.0 fast charging ကိုလည်း ထောက်ပံ့ပေးထားပါတယ်။

ယောကျ်ားလေးတွေရော မိန်းကလေးတွေပါ ကြိုက်နှစ်သက်ကြမယ့် OPPO Reno2 Fရဲ့ အရောင် (၂)မျိုးဖြစ်တဲ့ Lake Green နဲ့ Sky White အရောင်တွေကို New Year Promotion မှာ ဝယ်ယူအားပေးကြတဲ့ OPPO ချစ်သူများကိုလည်း မေတ္တာလက်ဆောင် အဖြစ် Bluetooth Speaker များကို ပေးသွားဦးမှာ ဖြစ်ပါတယ်။