Screen Refresh Rate 120Hz အပါအဝင် 5G လည်းသုံးနိုင်မယ့် Realme X50 5G
Qualcomm ကနေ 5G chipsets တွေထုတ်ပြီး မကြာခင်မှာပဲ Smart Phones တွေမှာ 5G တွေခေတ်စား လာတော့တာပါပဲ။ခုအချိန်မှာ 5G ပါဝင်ပြီး ဝယ်ဖို့တန်လွန်းတဲ့ Realme X50 5G ကို Realme က တရုတ်မှာ စတင်ရောင်းချနေပါပြီ။X50 မှာ 120Hz Screen Refresh Rate,6.57-inch IPS LCD Display ပါဝင်တဲ့အပြင် 16MP Selfie Cam+8MP Selfie Ultrawide Cam ကို Dual-Camera Punch Hole နဲ့ထည့်သွင်းပေးထားတာပါ။

နောက်ကျောဘက်မှာတော့ 64MP Main Camera ပါဝင်မဲ့ Quad-Camera Setup ကင်မရာလေးလုံး ထည့်ထားပါသေးတယ်။4-in-1 binding ကိုသုံးပြီး 16MP ရှိတဲ့ပုံတွေကို ထုတ်ပေးနိုင်ပါမယ်။Main Cam era 64 MP, 12 MP TelePhoto, 8 MP Ultrawide, 2MP Macro ဆိုပြီး တပ်ဆင်ပေးထားပါတယ်။Mid-range Phone တစ်လုံးအတွက် တော်တော်လေးပြည့်စုံနေပြီလို့ ဆိုလို့ရပါပြီ။
Chipset ပိုင်းမှာဆိုရင် Snapdragon 765G ကိုသုံးထားပြီး 6 GB, 12 GB RAM နဲ့တွဲလျက် 128 GB, 256 GB ROM အမျိုးအစားတွေ ရနိုင်မှာပါ။Battery 4,200 mAh ရှိတာမို့ နေ့စဉ်သုံးကတော့ အေးဆေးဖြစ်ပြီး 30W VOOC 4.0 Fast Charging ပါဝင်လို့ အားသွင်းရင်လည်း ခဏပါပဲ။နောက်ထပ် စိတ်လှုပ်ရှားစရာ တစ်ခုကတော့ အရင် Realme တွေတုန်းကလို OPPO ရဲ့ ColorOS UI မဟုတ်ပဲ ColorOS ကို Dubbed လုပ်ထားတဲ့ "Realme UI" ကိုသုံးပေးထားမယ်လို့ သိရပါတယ်။တရုတ်မှာစတင် ရောင်းချနေပြီး မြန်မာငွေ ၅သိန်း ကနေ ၆သိန်းကြားရှိ နိုင်ပါတယ်။
Ref : 9to5google