Snapdragon 855 ပါဝင်လာမယ့် Samsung Galaxy Fold 2

နောက်လ ဖေဖော်ဝါရီထဲမှာ ဆိုရင် Samsung ရဲ့ Product အသစ်တွေကို တွေ့ရတော့မှာနော်။ ခုချိန်မှာ Samsung ဘက်ကနေပြီးတော့ တရားဝင် ကြေညာထားတဲ့ Product တွေထဲမှာဆိုရင် Galaxy Note 10 Lite, Galaxy S10 Lite, Galaxy A51 နဲ့ Galaxy A71 စတဲ့ ဈေးနှုန်းအသင့်အတင့် Flagship တွေပါဝင်နှင့်ပြီးဖြစ်နေပါပြီ။

Unpacked 2020 Event ကြီးမှာ ကုမ္မဏီရဲ့ ထုတ်ကုန်အသစ်တွေဖြစ်တဲ့ Samung Galaxy S11 (ဒါမှမဟုတ် Samsung Galaxy S20) Series တွေနဲ့အတူ Galaxy Fold 2  ကိုပွဲထုတ်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ Galaxy Fold ရဲ့ဒုတိယ မျိုးဆက်ဖြစ်လာမယ့် Galaxy Fold 2 ဟာဘယ်လိုပုံစံဖြစ်မလဲဆိုတာကို သေချာမသိသေးပေမဲ့ ပြောကြဆိုကြနဲ့ နာမည်ကြီးနေခဲ့တာ နှစ်ပတ်လောက်ရှိနေပြီဖြစ်ပါတယ်။

Image result for S11 and fold 2
Unpacked 2020

Samsung Galaxy Fold 2 ကို လာမယ့် ဖေဖော်ဝါရီလထဲမှာပွဲထုတ်သွားမှာပါ။ ပေါက်ကြားထားတဲ့ ကောလဟာလတွေအရဆိုရင် Galaxy Fold 2 ဟာ Clamshell Design ဖြစ်တဲ့ ခေါက်ဖုန်းလိုပုံစံမျိုးနဲ့လာမှာလို့ဆိုပါတယ်။ အကယ်၍သာ တကယ်ခေါက်ဖုန်းပုံစံမျိုးဖြစ်တယ်ဆိုရင် Moto Razr 2 ရဲ့ပြိုင်ဘက်အနေနဲ့ ဖြစ်သွားနိုင်ပါတယ်။ Samsung Galaxy Fold တုန်းက ဖွင့်ထားရင် Tablet လိုသုံးလို့ရပြီး ခေါက်လိုက်ရင် ဖုန်းလိုဖြစ်တဲ့သွား Design ကိုသုံးထားပေမဲ့ Clamshell Design သာဆိုရင် ဖွင့်ထားရင် ရိုးရိုးဖုန်းတစ်လုံးလိုဖြစ်နေပြီး ခေါက်လိုက်ရင်တော့ ပိုသေးသွားမှာဖြစ်ပါတယ်။ ဆိုတော့ ဒီလိုပုံစံ Prototype အသစ်ကို Galaxy Fold 2 လို့ခေါ်မှာတောင် သေချာရဲ့လားဆိုတာကိုတော့ စဉ်းစားကြည့်ရမှာပေါ့။ သေချာတာကတော့ Foldable Device ဖြစ်မယ်ဆိုတာပါပဲ။

Galaxy Fold 2 နဲ့ပက်သက်တဲ့ ပုံတွေထွက်ထားတယ်ဆိုပေမဲ့ အဲ့တာတွေအားလုံးဟာ ပေါက်ကြားထားတဲ့ သတင်းတွေကနေပုံပြန်ဖော်ထားတာပဲဖြစ်ပါတယ်။ ဒီဖုန်းအသစ်မှာ Glass Cover နဲ့လာနိုင်ပြီးတော့ ခေါက်ရလွယ်တဲ့ Hideaway Hinge နဲ့လာနိုင်ပါတယ်။

Credit: Android Community

Specs တွေအနေနဲ့ပြောမယ်ဆိုရင် Processor ပိုင်းမှာ Snapdragon 855 ကိုသုံးလိမ့်မယ်ဆိုပြီး သတင်းထွက်ထားတာရှိပါတယ်။ ပြီးတော့ Galaxy Note 10 ရဲ့ရှေ့Camera တွေအတိုင်း 10MP Selfie Shoot ပါလိမ့်မယ်ဆိုပြီး သိထားပါတယ်။

Credit: Android Community

ဒီဖုန်းအသစ်ရဲ့ ရုပ်လုံးကိုတော့ နောက်လမှာမြင်ရမှာဖြစ်ပြီး အားလုံးမျှော်လင့်နေကြမှာကတော့ သင့်တင့်တဲ့ ဈေးနှုန်းတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။​ နောက်တစ်ခုကလည်း 108MP Camera နဲ့လာမယ့် Gamechanger Galaxy S11 (ဒါမှမဟုတ် Galaxy S20) ကြီးကလည်း စိတ်လှုပ်ရှားစရာတွေကို ဖန်တီးပေးဦးမယ်လို့ ထင်မိပါတယ်။

Ref: Android Community

Previous
Previous

၂၀၂၀ ခုနှစ်အတွက် စွမ်းဆောင်ရည်အကောင်းဆုံးနဲ့စျေးနှုန်းသင့်တင့်တဲ့ Vivo S1Pro စမတ်ဖုန်းသစ်

Next
Next

Screen Refresh Rate 120Hz အပါအဝင် 5G လည်းသုံးနိုင်မယ့် Realme X50 5G