AirPods Cases ပေါ်မှာ Emojis တွေ၊စာတွေ အခမဲ့ ရိုက်နှိပ်ပေးမယ့် Apple
AirPods အသစ်ဝယ်မယ့် သူတွေအတွက် Apple ကပြုလုပ်ပေးထားတဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။AirPods တွေပေါ်မှာ အရင်တုန်းက စာသားတွေ ကိုသာရိုက်နှိပ် ပေးတာဖြစ်ပြီး 2020 မှာတော့ Apple အနေနဲ့ Emojis တစ်ချို့ကိုပါ AirPods ပေါ်မှာ ရိုက်နှိပ်ပေးနေတာဖြစ်ပါတယ်။လိုချင်ရင်တော့ Apple ရဲ့ Official Website မှာ AirPods တစ်ခုရွေးပြီးတာနဲ့ "Personalize it for free" ဆိုတာကိုနှိပ်ပြီး ကိုယ်ကြိုက်တဲ့ Emoji သို့မဟုတ် Text ကိုထည့်သွင်းနိုင်ပါတယ်။

ခုချိန််မှာတော့ “POOP” အီးပုံ Emoji ကို AirPods ပေါ်မှာ ရိုက်နှိပ်တာ ခေတ်စားနေတယ်လို့ သိရပြီး Apple အနေနဲ့ ဒီဝန်ဆောင်မှုကို ဘယ်အချိန်ထိ အခမဲ့ပေးထားမလဲဆိုတာ သေချာမသိရသေးပါဘူး။
Ref : Mashable