Xiaomi Global ဖုန်းတွေမှာ Google Phone နဲ့ Messages Apps တွေပြောင်းသုံးမယ်

Xiaomi ဖုန်းတွေမှာ China Rom နဲ့ Global Rom ဆိုပြီး ၂ မျိူးလာလေ့ရှိတာ အတော်များများ သိကြမှာပါ။China Rom မှာဆိုရင် Device တစ်ခုလုံး China Software တွေ၊MIUI Pre-installed App တွေဗြောင်းဆန်အောင် ပါပါတယ်။Google Service သုံးတဲ့ Apps တွေကိုတော့ နောက်မှ ထည့်ရတာပါ။Global Rom တွေမှာတော့ အဲ့လိုမဟုတ်ပဲ Google Services တွေ Pre-installed ထားပြီး Bloatwares တွေလည်းကင်းပါတယ်။

ခုချိန်မှာတော့ Mi 9T Pro နောက်ထွက်တဲ့ Xiaomi Global Version လုံးတွေမှာ Privay Law အရ ဖုန်းခေါ်ဆိုတဲ့ Dialer နဲ့၊ Messaging App တို့ကို MIUI App တွေအစား Google Phone နဲ့ Messaging တို့ကိုသုံးတော့မှာပါ။ဒါကြောင့် အရင်တုန်းကလို Call Recording လိုမျိုး လုပ်ဆောင်ချက်တွေ မပါဝင်တော့ပါဘူး။Xiaomi ကတော့ ဒီနှစ်ကုန်မှာ Original App တွေပြန်သုံးခွင့်ရအောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

Ref : GSMARENA

Previous
Previous

AirPods Cases ပေါ်မှာ Emojis တွေ၊စာတွေ အခမဲ့ ရိုက်နှိပ်ပေးမယ့် Apple

Next
Next

Xiaomi Mi 10 နဲ့ Mi 10 Pro တို့ရဲ့ Full Specifications များပေါက်ကြားလာ