Xiaomi Mi 10 နဲ့ Mi 10 Pro တို့ရဲ့ Full Specifications များပေါက်ကြားလာ

Xiaomi အနေနဲ့  Flagship ဖုန်း၂လုံးဖြစ်တဲ့ Mi 10 နဲ့ Mi 10 Pro ကို 2020 February  အတွင်းမိတ်ဆက်မှာဖြစ်ပါတယ်။ဒါ့အပြင် ခုဆိုရင် ဖုန်း ၂ လုံးရဲ့ Specifications တွေပေါက်ကြားလာပါတယ်။ပထမဆုံးသိရတာကတော့ OLED Screen ပါဝင်လာမယ် ဆိုတာပါပဲ။နောက်တစ်ခုကတော့ 90Hz Screen Refresh Rate ပါဝင်လာတာပါ။Chipset အနေနဲ့ကတော့ Snapdragon 865 သုံးလာမှာဖြစ်ပြီး Pro မဟုတ်တဲ့ ရိုးရိုး  Mi 10 မှာ 8GB,10GB RAM ဆိုပြီး ရွေးစရာ ၂ ခုထွက်လာနိုင်ပေမယ့် Mi 10 Pro မှာတော့ 12GB RAM နဲ့သာ ရနိုင်မှာပါ။

Mi 10 အတွက်ဆိုရင် Camera ပိုင်းအနေနဲ့ကတော့  Quad-camera Setup နဲ့ ဖြစ်ပြီး Main Camera Sensor 108MP အပါအဝင် 20MP, 12MP, 5MP (Ultrawide,Tele,Depth) ဆိုပြီးပွဲထွက်လာမှာပါ။ Battery မှာတော့ 4,500mAh ထည့်သွင်းထားမှာဖြစ်ပြီး ကြိုးနဲ့ဆိုရင် 40W Fast Charging,  Wireless ဆိုရင်  30W, 10W Reverse-wireless Charging ဖြစ်လို့  66W Fast Charging ကတော့ မပါဝင်တော့ပါဘူး။

Mi 10 Pro ရဲ့ Camera Setup ကတော့ Main Camera 108 MP, 48MP, 12MP, 8MP (Ultrawide,Tele,Depth) ဆိုပြီး  Qual Camera Setup ပဲဖြစ်ပြီး DxO Mark 121  ရထားပါတယ်။ Battery ကတော့  4,800mAh လို့သိရပြီး ကြိုးနဲ့ဆိုရင် 66W Fast Charging, Wireless ဆိုရင် 40W Charging ရနိုင်မှာပါ။

Mi 10 အနေနဲ့ 8GB+128GB, 8GB+256GB, 12GB+256GB ဆိုပြီး Version ၃ မျိုးလာနိုင်ပြီး ဈေးနှနုုန်းမသိရသေးပေမယ့်  Mi 10 Pro ကတော့ 12GB+128GB ($550), 12GB+256GB ($590) , 12GB+512GB ($650) ဆိုပြီးသိထားပါတယ်။

Ref : GSMARENA

Previous
Previous

Xiaomi Global ဖုန်းတွေမှာ Google Phone နဲ့ Messages Apps တွေပြောင်းသုံးမယ်

Next
Next

2020 ရဲ့ Oneplus ဖုန်းတွေမှာ Camera Bump တွေ မရှိဖို့သေချာနေပြီ