FPS အကြမ်းစားသုံးချင်သူတွေအတွက် Nvidia's new GeForce Drivers များ

Nvidia အနေနဲ့ GeForce Driver 2020 ကို ဒီနေ့ပဲ မိတ်ဆက်လိုက်ပါတယ်။အသုံးပြုသူတွေ တောင်းဆိုထားတဲ့ "Max Frame Rate Feature" ပါဝင်လာပါတယ်။ခုနောက်ပိုင်း ထွက်လာတဲ့ Games တွေမှာ Frame Rate ကိုကန့်သတ်မထားပဲ Maximum ထားပြီးဆော့လို့ရအောင် ရွေးချယ်နိုင်ပါပြီ။

နောက်တစ််ခုကတော့ ကိုယ်သုံးနေတာက G-Sync Monitor ဖြစ်ပြီး Frames တွေ Cap လုပ်ချင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် Laptop နဲ့ဆော့ရင်း အားမြန်မြန်ကုန်မှာ စိုးရိမ်လို့ Fps ကန့်သတ်ချင်တာဖြစ်ဖြစ် လုပ်လို့ရတာတော့မှာဖြစ်ပါတယ်။FPS ကန့်သတ်တဲ့လုပ်ဆောင်ချက်အပြင် VRSS(Variable Rate Super Sampling) ဆိုတဲ့ VR Games တွေအတွက် ရုပ်ထွက်ပိုင်း ပိုမိုက်လာစေမဲ့ လုပ်ဆောင်ချက်လည်း ပါဝင်လာသလို G-Sync Support ပေးတဲ့ Monitor အရေအတွက်ကိုလည်း တိုးပေးထားပါသေးတယ်။

Ref : The Verge

Previous
Previous

ကိုယ်ပျောက်ကင်မရာနဲ့ Oneplus

Next
Next

AirPods Cases ပေါ်မှာ Emojis တွေ၊စာတွေ အခမဲ့ ရိုက်နှိပ်ပေးမယ့် Apple