Messenger သုံးဖို့ Facebook Account မဖြစ်မနေ ဖွင့်ရတော့မယ်

အရင်က Facebook Messenger ကိုစတင်အသုံးပြုမယ်ဆိုရင် Facebook Account နဲ့ဖြစ်စေ၊Phone Number ဖြင့်ဖြစ်စေ Sign Up လုပ်ပြီး သုံးနိုင်ပါတယ်။ဒီလိုအားဖြင့် Facebook Account မရှိလည်း Messenger ကိုသုံးနိုင်ခဲ့ပါတယ်။အဲ့လိုဖြစ်တဲ့အတွက်  Facebook ကပဲပိုင်တဲ့ WhatsApp မှာ အသုံးပြုသူ User နည်းသွားပြီး  Messenger ကိုသုံးသူ များလာပါတယ်။

ခုအခါမှာတော့ Facebook အနေနဲ့ Messenger ကိုသုံးမ​ယ်ဆိုရင် Facebook  Account ရှိမှသာ သုံးခွင့်ပေးပါတော့တယ်။ဒီလိုလုပ်ခြင်းအားဖြင့် Facebook အနေနဲ့ အသုံးပြုသူတွေကို သူ့ App Platform နဲ့သူ တစ်စုတစ်စ​ည်း ဖြစ်စေချင်ပုံရပါတယ်။Facebook မှပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ "တစ်ကယ်လို့ Messenger ကိုခုမှ စသုံးမယ်ဆိုရင်တော့ Facebook Account ဖွင့်ဖို့ မဖြစ်မနေ လိုအပ်ပြီး၊ အရင်တုန်းက Phone Number နဲ့ဖွင့်ထားတဲ့ Messenger Account တွေကတော့ မလိုအပ်ဘူး" လို့ပြောကြားထားပါတယ်။

Ref : Independent

Previous
Previous

Realme ရဲ့ Fast Charging နည်းပညာအသစ် "SUPERDART"

Next
Next

သေဆုံးပြီးသားလူ မျက်နှာနဲ့ Ads တက်လာခဲ့တဲ့ Instagram Therapy Ads