သေဆုံးပြီးသားလူ မျက်နှာနဲ့ Ads တက်လာခဲ့တဲ့ Instagram Therapy Ads
နိုင်ငံခြားမှာ နှစ်သိမ့်မှု ခံယူတာ၊စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးတာ စတဲ့ဝန်ဆောင်မှုတွေကို Messaging ကနေ ဝန်ဆောင်တာတွေရှိပါတယ်။အဲ့ထဲကမှ Talkspace ဆိုတဲ့ Therapy App ဟာ ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ မိန်းကလေးတစ်ဦး မျက်နှာကို Ads တစ်ခုထဲမှာ ယူသုံးမိခဲ့ပါတယ်။အဲ့အတွက်လည်း Instagram Ads System နဲ့ Talkspace ကိုမေးခွန်းထုတ်ခံခဲ့ရပါတယ်။

Talkspace ကတော့ သူတို့အနေနဲ့ သူတို့ရဲ့ ဝန်ဆောင်မှုကို သုံးတဲ့ Customer တွေရဲ့ ဓာတ်ပုံတွေကို ပြန်လည်အသုံးပြုပြီး Ads ထည့်တာဖြစ်တာမို့ သေဆုံးသူဟာ သူတို့ဝန်ဆောင်မှုကို အသုံးပြုဖူးသူ ဖြစ်နိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့ပြီး Ads ကိုလည်း ပြန််လည်ဖြုတ်ချပေးခဲ့ပါတယ်။Talkspace Company အနေနဲ့ App မှာပါတဲ့ Service တွေကိုမသုံးခင် Privacy Policy မှာကတည်းက ဓာတ်ပုံတွေသုံးမယ်ဆိုတာကို ထည့်သွင်းထားကြောင်းကိုလည်း ထပ်ပြီးပြောသွားပါသေးတယ်။
ဒီအဖြစ်အပျက်ကနေပြီး ကျွန်တော်တို့ အနေနဲ့ Online ကနေ Service တွေသုံးတော့မယ်ဆိုရင် Privacy Policy တွေကို ရမ်းသမ်းပြီး သဘောမတူမိဖို့ပါပဲ။
Ref : Mashable