Realme ရဲ့ Fast Charging နည်းပညာအသစ် "SUPERDART"
ခုဆိုရင် ဖုန်း Company တွေဟာ Fast Charging အတွက်လည်း အပြင်းအထန် ပြိုင်ဆိုင်နေကြပါပြီ။OPPO ရဲ့ VOOC Charge,Oneplus ရဲ့ Warp Charge,Huawei ရဲ့ Super Charge စတဲ့ Fast Charge တွေကြားမှာ လောလောဆယ်တော့ OPPO Reno Ace ရဲ့ 65W SuperVOOC 2.0 Flash Charge က 4000mAh ကို ၃၀ မိနစ်အတွင်း စံချိန်တင် သွင်းပြထားနိုင်ပါတယ်။ဒါ့အပြင် နောက်ထပ်လာမယ့် Mi 10 Flagship ရဲ့ 66W (11V,6A) Charging ကိုလည်း စောင့်ကြည့်ရမှာဖြစ်ပြီး နောက်ပိုင်းမှာ 100W Charging ထိလာမယ်လို့ Xiaomi ကတော့ဆိုထားပါတယ်။

India ဈေးကွက်အတွင်းမှာတော့ Realme ရဲ့ SuperDart Charging ဟာ 100W Charging ဖြစ်လာနိုင်မလားဆိုပြီး ထင်ကြေးတွေပေးနေကြပါတယ်။တစ်ကယ်လို့ Xiaomi ကနေ 100W သာထုတ်လိုက်မယ်ဆိုရင် OPPO ကလည်းငြိမ်မနေပဲ တစ်ခုခုပြန်လုပ်ပြဦးမှာပါ။၂၀၂၀ ကတော့ Camera နည်းပညာအသစ်၊ Fast Charging နည်းပညာ အသစ်တွေနဲ့ တော်တော်လေးကို ရင်ခုန်စိတ်လှုပ်ရှား ရမယ့်နှစ်တစ်နှစ်ပါ။
Ref : Trak