မြန်မာနိုင်ငံမှာ၂၀၁၉ အတွင်း Google Search အများဆုံး စကားလုံးများ

၂၀၁၉ ခုနှစ်ကိုမကြာခင်ပဲ နှုတ်ဆက်ရတော့မှာပါ။၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံကလူတွေ Search အများဆုံး စကားလုံးတွေကို Google ကနေ ထုတ်ပြန်လိုက်ပါပြီ။Trending Searches ထဲမှာတော့ ထိပ်ဆုံးက ရှိနေတာက Marvel Universe က Great Villain ကြီး Thanos ပါပဲ။မြန်မာနိုင်ငံ Serach List ထိပ်ဆုံးကိုသာမက Box Office မှာလည်း No 1 နေရာကို သိမ်းပိုက်ထားတာပါ။Search List 2 နေရာမှာတော့ မြန်မာနိုင်ငံ အိုင်တီလောကနဲ့ မိုဘိုင်းလောကကို အတော်လေး ရိုက်ခတ်ခဲ့တဲ့ Unicode font  စကားလုံးက နေရာယူခဲ့ပါတယ်။ဒီနောက်မှာတော့ Unicode Keyboard ဖြစ်တဲ့ Gboard နောက်က ကပ်ပါနေပါတယ်။

၂၀၁၉မှာ Mobile Game တွေလည်း ခေတ်စားလာခဲ့ပါတယ်။ Call of Duty နဲ့ PUBG ဆိုပြီး Serach List 4 နဲ့ 5 ကိုနေရာယူထားတာကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ Mobile Game တွေပိုမို ခေတ်စားလာဖို့ကတော့ ကြိမ်းသေနေပါပြီ။Search List 8 နေရာမှာတော့ Anime Series XXX Holic Rei  ရှိနေခဲ့ပြီး Search List 9 မှာတော့ စာရင်းထဲမှာ တစ်ခုထည်းသော ဖုန်းဖြစ်တဲ့ Redmi Note 7 ပါဝင်နေတာကလည်း မြန်မာနိုင်ငံမှာ Xiaomi Fan ဘယ်လောက်များလဲဆိုတာ သိနိုင်ပါတယ်။နောက်ဆုံး နံပါတ် ၁၀ နေရာမှာတော့ Korea Music Industory အရှုပ်တော်ပုံဖြစ်သွားခဲ့တဲ့ Jung Joon Young ရှိနေခဲ့ပါတယ်။

လူပုဂ္ဂိုလ်နာမည် အရ Google မှာ Searchအများဆုံး ကိုပြောရရင် နိုင်ငံခြား Celebrity ၅ ယောက်နဲ့ မြန်မာ Celebrity ၅ ယောက် မျှတူရှိနေခဲ့ပါတယ်။ နိုင်ငံခြား  Celebrity  စာရင်းမှာ  Chinese Actor Xiao  Zhan,Wang  Yibo,EDM Producer Alan Walker,South Korea Celebrity တွေဖြစ်တဲ့ Song Hye Kyo,Baek Ji Young တို့ဖြစ်ပါတယ်။ပြည်တွင်း အနုပညာရှင််တွေအနေနဲ့ အဆိုတော် ထက်ယံ၊နန်းမွေစံ၊နေခြည်၊ယွန်းယွန်း၊အောင်လအန်ဆန်း တို့ပါဝင်ခဲ့ပါတယ်။

Movies & Series မှာတော့ Captain Marvel ကထိပ်ဆုံးကရှိနေပြီး K-Drama Series Hotel del Luna,Avengers:Endgame,The Voice Myanmar,Game of Thrones,Sex and The City,Extraordinary You,Love Alarm,Aquaman,Shazam  ဆိုပြီး အစဉ်လိုက် ရှိနေခဲ့ပါတယ်။Local အနေနဲ့ The Voice Myanmar တစ်ခုပဲ ထူးထူးခြားခြား ပါဝင်ခဲ့တာပါ။

၂၀၁၉ ကတော့ Marvel,K-Drama,Cloud Gaming တွေခေတ်စားခဲ့တဲ့ နှစ်တစ်ခုလို့ အနှစ်ချုပ် ပြောချင်ပါတယ်။

Ref : https://trends.google.com

Previous
Previous

အသေးစိတ် အကြောင်းအရာတွေ ထပ်မံပေါက်ကြားလာတဲ့ Samsung Galaxy S10 Lite

Next
Next

Facebook အသုံးပြုသူ 267 သန်းကျော်ရဲ့ အချက်အလက်တွေ Dark Web အထိပေါက်ကြား