Facebook အသုံးပြုသူ 267 သန်းကျော်ရဲ့ အချက်အလက်တွေ Dark Web အထိပေါက်ကြား

Facebook အသုံးပြုသူ ၂၆၇ သန်းရဲ့ Username,Phones,Users ID တွေအကုန် ​Dark Web ပေါ်ရောက်သွားခဲ့ပါပြီ။နာမည်တွေ၊ဖုန်းနံပါတ်တွေ၊ကိုယ်ရေးအချက်အလက်တွေ အကုန်လုံးကို Dark Web ပေါ်မှာ တင်ထားခဲ့တာဖြစ်ပြီး ​ဒီအချက်အလက်တွေကို ၂ ပတ်နီးပါးလောက် လူတိုင်းဝင်ကြည့်လို့ ရနေခဲ့တာပါ။အချက်အလက်တွေ တင်ထားခဲ့တဲ့  Database ကို ဗီယက်နမ်နိုင်ငံက  မသမာသူ အဖွဲ့အစည်းတစ်ခုက ပိုင်ဆိုင်တယ်လို့ သိရပါတယ်။

အချက်အလက်ခိုးခံရသူ ၂၆၇ သန်းမှာ အများစုက အမေရိကန်နိုင်ငံသား တွေပါ။လတ်တလော Facebook အသုံးပြုသူတွေကြားမှာ ခေတ်စားနေနဲ့ "ကိုယ်ဘယ်မင်းသားနဲ့တူလဲ","နောက်ဘယ်နှစ်ဆို ဘာဖြစ်နေမလဲ" စတဲ့ Gameမျိုးတွေ ကနေတစ်ဆင့် "Scraping" ဆိုတဲ့နည်းပညာကို သုံးပြီး အချက်အလက်တွေ ခိုးခံရတာဖြစ်ပါတယ်။၂၀၁၈ တုန်းကလည်း Facebook အသုံးပြုသူတွေရဲ့ Private Photos တွေကို Internet ပေါ်ကိုပေါက်ကြားခဲ့ပါသေးတယ်။

ခိုးခံရတဲ့ အချက်အလက်တွေကို အသုံးချပြီး နောက်ဆက်တွဲအနေနဲ့ ဖုန်းကို SMS Spam ပို့တာတွေ၊Phishing လုပ်တာတွေ ရှိလာနိုင်တယ်လို့ နည်းပညာ လုံခြုံရေး Company တွေက ဆိုပါတယ်။Facebook အနေနဲ့ နောက်ပိုင်းမှာ Data ပေါက်ကြားမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်နေပါတယ်။

Ref : www.nypost.com

Previous
Previous

မြန်မာနိုင်ငံမှာ၂၀၁၉ အတွင်း Google Search အများဆုံး စကားလုံးများ

Next
Next

ကိုယ်ပိုင် Operating System ထုတ်ဖို့ အစီအစဉ် ရှိတယ်ဆိုတဲ့ Facebook