အသေးစိတ် အကြောင်းအရာတွေ ထပ်မံပေါက်ကြားလာတဲ့ Samsung Galaxy S10 Lite
Samsung ရဲ့ Galaxy S10 Lite ကတော့ ဥရောပမှာ မိတ်ဆက်ဖို့ သိပ်မလိုတော့ပါဘူး။မိတ်ဆက်ပွဲနီးလာတာနဲ့ အမျှ သူရဲ့ Speciation တွေလည်း တော်တော်များများ ပေါက်ကြားလာပါတယ်။

ပေါက်ကြားလာတဲ့ သတင်းတွေအရ Screen Size 6.7 inch မှာ Infinity-O hole-punch Display Camera Setup ပါဝင်လာမှာပါ။Screen Resolution အနေနဲ့ 2400*1080 ဖြစ်ပြီး Screen to Body Ratio 20:9 ထိရှိလာမှာမို့ တော်တော်လေး မိုက်မှာပါ။Chipset အနေနဲ့ Snapdragon 855 သုံးထားပြီး 8GB Ram, 128GB Rom အပြင် microSD slot ပါဝင်မှာပါ။ Camera Setup အတွက်မှာတော့ Main Camera အနေနဲ့ 48 Megapixel (f/2.0) သုံးထားပြီး OIS(Optical Image Stabilization) အပါအဝင် "tilt-OIS" စနစ်ကိုလည်း ထည့်သွင်းပေးထားတာကြောင့် vlogger တွေအတွက် ရွေးချယ်စရာဖြစ်လာမလား ဆိုတာကို စောင့်ကြည့်ရပါမယ်။နောက်ထပ် ကင်မရာ ၂ လုံးကိုတော့ 12 Megapixel (f/2.2) Ultra-wide တစ်လုံး နဲ့ 5 Megapixel (f/2.4) Macro တစ်လုံး သုံးထားတယ်လို့ သိရပါတယ်။Selfie Camera အနေနဲ့ 32 Megapixel (f/2.2) တစ်လုံးကို Hole-punch အနေနဲ့ ထည့်သွင်းပေးထားပါတယ်။Display အကြီးကြီး အတွက် 4,500mAh Battery ထည့်ပေးထားပြီး 45W fast-charging support ပေးထားပါတယ်။
S10 Lite ကိုဥရောပမှာ မကြာခင် စတင်ရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ယူရို ၆၈၀ ( $750 ) ဝန်းကျင် ကျသင့်နိုင်ပြီး အရောင် ရွေးချယ်စရာအနေနဲ့ အနက်၊အဖြူ၊အပြာ ဆိုပြီး ထွက်လာနိုင်တယ်လို့ သိရပါတယ်။၂၀၂၀ ဖေဖော်ဝါရီလမှာ Galaxy S11 Series ကိုမိတ်ဆက်ဦးမှာ ဖြစ်လို့ Samsung အနေနဲ့ ဘာတွေ လုပ်ပြဦးမယ်ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပါ။