လုံခြုံတဲ့ Password တစ်ခုဖြစ်ဖို့ဆိုရင်
ယနေ့ခေတ်မှာ လူတိုင်း Social Media တွေသုံးနေကြပါတယ်။အလုပ်လုပ်တဲ့အခါမှာ E-mail,Social Media Account တွေ ကိုအသုံးပြုပြီး အဆက်သွယ်တွေ ပြုလုပ်ကြပါတယ်။Internet ပေါ်ရောက်လာပြီ ဆိုကတည်းက စာပို့ဖို့အတွက် အရင်ဆုံး လိုအပ်တာ E-mail ပါပဲ။E-mail တစ်ခု Sign Up လုပ်ရာမှာ ကိုယ့် Account ကို တစ်ခြားသူတွေ အလွယ်တကူ ဝင်မရအောင် Password ထည့်ပေးရပါတယ်။ E-mail အပြင် တခြား Account တွေပြုလုပ်ရာမှာ ကိုယ့် Account အတွက် Password ကိုအလွယ်တကူ ခန့်မှန်းလို့မရအောင်၊ Hacker,Cracker တွေ လက်ချက်မမိအောင် တတ်နိုင်သမျှ ကာကွယ်ဖို့ လိုပါတယ်။
လူအတော်များများက Password ထားမယ်ဆိုရင် ကိုယ်တိုင် အလွယ်မှတ်မိ နိုင်တဲ့ မိမိရဲ့မွေးနေ့၊မှတ်ပုံတင်အမှတ်၊အချစ်ဆုံးသူမွေးနေ့ စသည်ဖြင့် ထားတတ်ကြပါတယ်။အဲ့လိုဂဏန်းတွေ၊ စာတွေချည်းပဲ ဆက်တိုက်ထားခြင်းဟာ Password ခိုးခံရဖို့ ပိုမိုလွယ်ကူပါတယ်။ဒါကြောင့် password တစ်ခုခု ထားတော့မယ်ဆိုရင် အရင်ဆုံး ကိုယ်တိုင် မှတ်မိလွယ်ရမယ်၊ နောက်ပြီး တိုတိုနဲ့ ကျစ်ကျစ်လစ်လစ် ဖြစ်တဲ့ Password မျိုးပေးဖို့လိုပါတယ်။ဒီလို Password မျိုး ထားမယ်ဆိုရင် မိမိ Password မှာ English Alphabet အကြီး၊အသေး စုံစုံလင်လင် ပါဝင်အောင် ထားရပါမယ်။နောက်ပြီး “@, #, $, %, &” အစရှိတဲ့ Special Characters တွေပါအောင် ထားပေးရပါမယ်။သင်္ချာဂဏန်းတွေ (1,2,3,4,…) လည်း ပါဝင်အောင် ပေးရပါမယ်။

နမူနာပြောရရင်- “ Mgmg#112233,aYe$999,win@Win345 “ အစရှိတဲ့ စာလုံး၊ဂဏန်း၊Special Characters တွေကို ပေါင်းစပ်ထားတာမျိုးပါ။မိမိရဲ့ Password ဘယ်လောက် လုံခြုံရေးကောင်းလဲ၊မိမိ Password ကို Hack မယ်ဆိုရင် ဘယ်လောက်ကြာမလဲ စစ်ကြည့်ချင်ရင် Internet ပေါ်က Password စစ်ပေးတဲ့ Website တွေစမ်းကြည့်ဖို့ အကြံပေးချင်ပါတယ်။