ကိုယ်ပိုင် Operating System ထုတ်ဖို့ အစီအစဉ် ရှိတယ်ဆိုတဲ့ Facebook

Facebook အနေနဲ့  Software နယ်ပယ်တင်မကပဲ Hardware လောကထဲကို Portal Smart Display၊Oculus VR headsets လိုမျိုး Smart Gadget တွေနဲ့ ဝင်ရောက်နေပါပြီ။ဒါပေမယ့် Facebook အနေနဲ့ ထုတ်သမျှ Gadget တွေအကုန်လုံးဟာ Android ပေါ်မှာ မှီခိုနေရတာကို စိတ်ကုန်လာပုံရပါတယ်။

Mark Lucovsky ဆိုတဲ့ Microsoft Os Developer တစ်ယောက်ပါဝင်တဲ့ အဖွဲ့တစ်ခုက Facebook အတွက် ကိုယ်ပိုင် Os တစ်ခုကို Develop လုပ်နေတယ်လို့ The Information သတင်းမှာ ဖော်ပြခဲ့ပါတယ်။သေချာတာ တစ်ခုကတော့ Facebook အနေနဲ့ Android အပေါ်ကို မှီခိုနေရတာကို လျော့ချမယ်ဆိုတာပါပဲ။Facebook အနေနဲ့ Apple ရဲ့ "Walled Garden"  Approach ကိုစံနမူနာ ယူပြီး ကိုယ်ပိုင် Hardware နဲ့ ကိုယ်ပိုင် Software ကိုပဲ သုံးတဲ့  Ecosystem တစ်ခုတည်ဆောက်ဖို့ ကြိုးစားနေပုံရပါတယ်။

တစ်ဖက်မှာလည်း Facebook ဆိုတာ User တွေရဲ့ Data တွေကို ရောင်းစားတယ်ဆိုတဲ့ အရိပ်မဲကြီးက  ရှိနေပါတယ်။Facebook App တစ်ခုကိုသုံးရုံနဲ့တောင်  Data ဗြောင်းဆန်နေအောင် ခိုးခံရတာကို Facebook Os လိုမျိုး Operating System တစ်ခုလုံးဆိုရင် စိတ်ချချနဲ့ သုံးဖို့ဆိုတာ အတော်စဥ်းစားရမယ့် ကိစ္စပါ။

Previous
Previous

Facebook အသုံးပြုသူ 267 သန်းကျော်ရဲ့ အချက်အလက်တွေ Dark Web အထိပေါက်ကြား

Next
Next

လုံခြုံတဲ့ Password တစ်ခုဖြစ်ဖို့ဆိုရင်