Instagram မှာသတင်းအတုတွေ ဖယ်ရှားတော့မယ်
Instagram မှာ လူတော်တော်များများ အနေနဲ့ Followers ရဖို့အတွက် သတင်းအတုတွေ၊ ပေါက်ကရမျိုးစုံတွေ တင်ကြပါတယ်။ဒါတွေကို ရှင်းထုတ်ပြီး သတင်းအမှားတွေ၊ Photoshop လုပ်ထားတဲ့ ပုံတွေကို စစ်ထုတ်ပေးမယ့် Third-party Fact-checkers တွေကို Instagram က ငှားရမ်းထားပါတယ်။ခုလောလောဆယ်မှာတော့ Us မှာပဲ စမ်းသပ်နေဆဲဆိုပေမယ့် နောက်ပိုင်းမှာတော့ တစ်ကမ္ဘာလုံး အတိုင်းအတာ ပြုလုပ်သွားမယ်လို့သိရပါတယ်။
ဒီ Fact-checkers တွေဘယ်လို အလုပ်လုပ်လဲဆိုတော့ ဥပမာ အနေနဲ့ သတင်းတစ်ခုကို Fact-checker တစ်ခုက False News အဖြစ်နဲ့ သတ်မှတ်လိုက်ပြီဆိုရင် အဲ့ဒီ Post ကို Newsfeed မှာ ပြတဲ့ အကြိမ်ရေ လျော့ချလိုက်ပါတယ်။ပြီးတော့ နောက်တစ်ဆင့် အနေနဲ့ ဒီ Post မှာဖော်ပြထားတဲ့ အကြောင်းအရာဟာ အမှားကြီး ဖြစ်ကြောင်း Label ထိုးလိုက်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Photo တွေကို မူရင်းပိုင်ရှင်မသိပဲ ခိုးယူလာပြီး တင်တာတွေကိုလည်း လျော့ချသွားနိုင်ဖို့ လုပ်နေပါသေးတယ်။
False News တွေနဲ့ သတင်းအမှန်တွေကို ခွဲခြားဖို့ အတွက် Instagram Users တွေ Report တင်ထားတဲ့ Data တွေကိုလည်း သုံးခဲ့တယ်လို့ သိရပါတယ်။ဒီလိုဆိုရင်တော့ နောက်ပိုင်းမှာ Instagram Cele တွေအနေနဲ့ Content ပိုင်းတွေ အရမ်းသတိထားရတော့မှာ ဖြစ်ပြီး Copy Content တွေများရင် မိမိအကောင့်ဟာ Followers တွေရဲ့ Newsfeed မှာပေါ်တော့မှာ မဟုတ်ပါဘူး။