Snapdragon 865 သို့မဟုတ် 5G Game Changer

Qualcomm ကဒီနေ့ပဲ Snapdragon 865 ရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေကို ကြေငြာလိုက်ပါတယ်။အဓိကထားကြောငြာ သွားတာကတော့ 5G  Network Speed အကြောင်းပါ။ဒါ့အပြင် GPU performance,8K video,Dolby  Vision Capture စတဲ့ တော်တော်မိုက်တဲ့ နည်းပညာတွေပါ။

7.5Gbps အထိရနိုင်မဲ့ Download Speed

Qualcomm ရဲ့ X55  5G  modem နဲ့  sd 865 ကြောင့် Download Speed ကတော့ 7.5  Gbps  အထိကြောက်ခမန်းလိလိ ရနေမှာပါ။

144Hz  Display Refresh  Rate

Snapdragon  865 မှာ 4K  Display တွေအတွက် Screen  Refresh  Rate 60Hz ထိရနိုင်ပြီး QHD+ တွေအတွက် 144Hz အထိ  ရနိုင်မှာဖြစ်လို့ အရမ်းမိုက်တဲ့  Display ပါဝင်မဲ့ ဖုန်းတွေကို  မြင်နေရဖို့ သေချာနေပါပြီ။

8K video and  200MP photos

ဖုန်းနဲ့ဓာတ်ပုံသမားတွေအတွက်လည်း ရွေးချယ်စရာတွေ  များလာပါပြီ။ 8K videos တွေကို 30fps ရိုက်နိုင်ပြီး 200MP  ထိရှိတဲ့ ဓာတ်ပုံတွေ  ရိုက်နိုင်လာပါပြီ။

Dolby  Vision Capture

Dolby Vision Capture  ကြောင့် Photos,Videos တွေကို Dynamic Range  ကောင်းကောင်း၊ Colors မှန်မှန် နဲ့ရိုက်ကူး လို့ရတော့မှာပါ။

GPU Boosted 25%

GPU Adreno  650 ဟာ sd 865  မှာ  25% ပိုမြန်လာတာကြောင့် Game  သမားတွေလည်း   setting  အမြင့်ဆုံး တင်ပြီး Frame Rate အမိုက်စားတွေနဲ့ ဆော့ဖို့ပြင်ထားကြပါ။

Snapdragon Elite Gaming

ဒီ Feature ကြောင့် Game ဆော့ရင် Graphic ပိုကောင်းလာတာ၊ကာလာတွေ ပိုမှန်လာတာ၊  ပိုကောင်းတဲ့ Detail ကျတဲ့ ရုပ်ထွက်တွေ ခံစားရပါမယ်။

Wifi 6

Wifi 6 ထွက်လာတဲ့အတွက် Wifi သုံးရင်လည်း speed ကတော့ လန်ထွက်နေပါမယ်။

Bluetooth 5.1

Gaming Bluetooth Headphone သမားတွေ  အကြိုက်ဖြစ်လာနိုင်ပါတယ်။

အချက်အလက်ပြည့်ပြည့်စုံစုံကို ပုံထဲမှာ  ကြည့်နိုင်ပါတယ်။

Ref : www.Droid-life.com

Previous
Previous

DXOMark မှာ Huawei Mate 30 Pro 5G ဟာ ကင်မရာ အကောင်းဆုံးဖုန်းဖြစ်သွားပါပြီ

Next
Next

Messenger အတွက် Star Wars Dark Theme ရပြီ