Messenger အတွက် Star Wars Dark Theme ရပြီ
December 16 ရက်နေ့မှာ ထွက်လာတဲ့ Star Wars: The Raise of Skywalker ရုပ်ရှင်နဲ့အတူ Facebook Messenger မှာ Star Wars Dark Theme အပါအဝင် Star Wars Stickers Pack ကိုထုတ်ပေးလိုက်ပါပြီ။
Dark Theme တွေကို OLED Display ဖုန်းတွေ Battery စားသက်သာအောင် ထုတ်ပေးတာ ဆိုပေမယ့်လည်း ဒီ Theme ကိုတော့ Star Wars Fans တွေအတွက် အဓိကထား ထုတ်ပေးတာလို့ သိရပါတယ်။

Theme တစ်ခုတည်းတင် မဟုတ်ပဲ Emojis,Animated Stickers,Video Chat တွေအတွက် AR Filters တွေပါထုတ်ပေးလိုက်တာပါ။Facebook ကတော့ ဒီ Theme ဟာ Limited Edition လို့ဆိုထားပြီး ဘာကို Limit လုပ်မလဲ သေချာမသိပေမယ့် အချိန် Limit လုပ်တာဖြစ်ဖို့များပြီး နောက်ပိုင်းတော့ ဒီ Theme တွေကို ပြန်ဖြုတ်မယ်လို့ ခန့်မှန်းရပါတယ်။
Star Wars Dark Theme ကိုသုံးချင်ရင် Messenger နောက်ဆုံး Version ဖြစ်ဖို့လိုအပ်ပြီး Messenger Setting ထဲက Theme ထဲမှာ သွားပြောင်းလို့ရပါတယ်။တစ်ချို့ အကောင့်တွေမှာတော့ လောလောဆယ် ပြောင်းလို့မရသေးပါဘူး။
Ref : The Verge