Facebook ဝန်ထမ်း ၂၉၀၀၀ ၏ကိုယ်ရေးအချက်အလက်များပါဝင်သော Hard Drives များခိုးခံရ
Unencrypted လုပ်ထားတဲ့ Hard Drives တွေထဲမှာ ၂၀၁၈ အတွင်း Facebook မှာအလုပ်လုပ်ခဲ့တဲ့ ဝန််ထမ်း ၂၉၀၀၀ ရဲ့ကိုယ်ရေးအချက်အလက်၊Bank Account၊လစာ၊Bonuses၊Social Security Numbers တွေပါဝင်ခဲ့ပါတယ်။ဒီ Hard Drives တွေကို ဝန်ထမ်းတစ်ယောက်ရဲ့ ကားထဲကနေတစ်ဆင့် ခိုးခံရခြင်းဖြစ်ပါတယ်။
ခိုးခံရတဲ့ Hard Drives တွေထဲမှာ Facebook အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေမ ပါဝင်ပေမယ့်လည်း အချက်အလက်ခိုးခံရတဲ့ ဝန်ထမ်းတွေဘက်ကတော့ မေးမြန်းမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီလိုဖောက်ထွင်းမှုဖြစ်တာကို တစ်လနီးပါး ကြာမှပဲ သိခဲ့ရတာပါ။ဖောက်ထွင်းမှု ဖြစ်တာ နိုဝင်ဘာလ ၁၇ ရက်နေ့ကဖြစ်ပြီး Hard Drives တွေပျောက်နေတာကို နိုဝင်ဘာ ၂၀ မှသိခဲ့တဲ့အပြင် Hard Drives တွေထဲမှာ ဝန်ထမ်းတွေအချက်အလက်တွေ ပါဝင်တာကိုတော့ နိုဝင်ဘာ ၂၉ မှ သိခဲ့တယ်လို့ သိရပါတယ်။လတ်တလောမှာတော့ Company အနေနဲ့ရဲတွေကို တိုင်ကြားထားပြီး ဝန်ထမ်းတွေကိုလည်း အာမခံအစီအစဉ်တွေ ပြင်ဆင်ပေးထားပါတယ်။
Facebook ရဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က "ဒီဖောက်ထွင်းမှုဟာ Data တွေခိုးဖို့ရည်ရွယ်ချက် ရှိပုံမရပါဘူး။ဒီအတိုင်းခိုးရင်း ပါသွားတာဖြစ်ပြီး သူခိုးအနေနဲ့ အချက်အလက်တွေ ပါဝင်မှန်း သိပုံတောင် မရပါဘူး။" လို့ပြောခဲ့ပါတယ်။
Facebook Company အနေနဲ့ ဝန်ထမ်း အချက်အလက်တွေ ပါဝင်တဲ့ Hard Drives တွေကိုခုလို ကားထဲမှာထားခဲ့တဲ့အပြင် Encrypted လုပ်မထားတဲ့အတွက် ဝန်ထမ်းတွေဘက်ကနေ မေးမြန်းခံရမှုတွေ ရှိနေပြီး Company ဘက်ကနေ သင့်တော်တဲ့ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
Ref : www.theverge.com