iPad သုံးသူတွေအတွက် Laptop သုံးနေသလိုခံစားမှုရနိုင်မယ့် Brydge Keyboard

10.2-inch  iPad နဲ့  10.5-inch  iPad Air အသုံးပြုသူတွေအတွက် Brydge Company ထုတ် Bluetooth Keyboard ကို North America မှာရှိတဲ့  Apple Online Retail  Stores တွေမှာ စတင်ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ Brydge ကနေတီထွင်ထားတဲ့ ဒီ Keyboard မှာ iPad ကို Bluetooth နဲ့ချိတ်ဆက်ပြီး MacBook မှာ Typing လုပ်နေတဲ့ Experience လိုမျိုး ခံစားနိုင်စေဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ဒီနှစ်ထဲမှာတော့ 2019 Model iPad တွေအတွက်ပဲ Apple ကရောင်းချပေးနေပြီး Old Model iPad တွေအတွက်တော့ Brydge Website မှာရောင်းချပေးနေပါတယ်။

$129.95 ကျသင့်မယ့် ဒီ Keyboard ဟာ Apple's Smart Keyboard  ထက် $30  ပိုသက်သာပြီး Key Travel ပိုကျယ်လာသလို၊ iPad Screen ကိုလည််း ကိုယ့်စိတ်ကြိုက်(180 degrees ထိ) Tilt လုပ်နိုင်မှာပါ။တစ်ခါအားသွင်းထားရင် Normal Users တွေအတွက် လနဲ့ချီ သုံးနိုင်မယ်လို့ သူတို့ Website မှာဖော်ပြထားလို့ Apple’s Smart Keyboard မသုံးချင်တဲ့သူတွေအဖို့ ရွေးချယ်စရာဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Previous
Previous

Facebook ဝန်ထမ်း ၂၉၀၀၀ ၏ကိုယ်ရေးအချက်အလက်များပါဝင်သော Hard Drives များခိုးခံရ

Next
Next

သိန်း ၈၀၀ ကျော်အထိ အမြင့်ဆုံးကျသင့်နိုင်တဲ့ Apple Mac Pro 2019