Facebook ဝန်ထမ်း ၂၉၀၀၀ ၏ကိုယ်ရေးအချက်အလက်များပါဝင်သော Hard Drives များခိုးခံရ

Unencrypted လုပ်ထားတဲ့  Hard Drives တွေထဲမှာ ၂၀၁၈ အတွင်း Facebook မှာအလုပ်လုပ်ခဲ့တဲ့ ဝန််ထမ်း ၂၉၀၀၀  ရဲ့ကိုယ်ရေးအချက်အလက်၊Bank Account၊လစာ၊Bonuses၊Social Security Numbers တွေပါဝင်ခဲ့ပါတယ်။ဒီ Hard Drives တွေကို ဝန်ထမ်းတစ်ယောက်ရဲ့ ကားထဲကနေတစ်ဆင့် ခိုးခံရခြင်းဖြစ်ပါတယ်။

ခိုးခံရတဲ့ Hard Drives  တွေထဲမှာ Facebook အသုံးပြုသူတွေရဲ့  ကိုယ်ရေးအချက်အလက်တွေမ ပါဝင်ပေမယ့်လည်း အချက်အလက်ခိုးခံရတဲ့ ဝန်ထမ်းတွေဘက်ကတော့ မေးမြန်းမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီလိုဖောက်ထွင်းမှုဖြစ်တာကို တစ်လနီးပါး ကြာမှပဲ သိခဲ့ရတာပါ။ဖောက်ထွင်းမှု  ဖြစ်တာ  နိုဝင်ဘာလ ၁၇ ရက်နေ့ကဖြစ်ပြီး Hard Drives တွေပျောက်နေတာကို နိုဝင်ဘာ ၂၀ မှသိခဲ့တဲ့အပြင် Hard Drives တွေထဲမှာ ဝန်ထမ်းတွေအချက်အလက်တွေ ပါဝင်တာကိုတော့  နိုဝင်ဘာ ၂၉ မှ သိခဲ့တယ်လို့  သိရပါတယ်။လတ်တလောမှာတော့ Company  အနေနဲ့ရဲတွေကို တိုင်ကြားထားပြီး  ဝန်ထမ်းတွေကိုလည်း အာမခံအစီအစဉ်တွေ ပြင်ဆင်ပေးထားပါတယ်။

Facebook ရဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က "ဒီဖောက်ထွင်းမှုဟာ Data တွေခိုးဖို့ရည်ရွယ်ချက် ရှိပုံမရပါဘူး။ဒီအတိုင်းခိုးရင်း ပါသွားတာဖြစ်ပြီး သူခိုးအနေနဲ့ အချက်အလက်တွေ  ပါဝင်မှန်း သိပုံတောင် မရပါဘူး။" လို့ပြောခဲ့ပါတယ်။

Facebook Company  အနေနဲ့  ဝန်ထမ်း အချက်အလက်တွေ  ပါဝင်တဲ့  Hard Drives တွေကိုခုလို ကားထဲမှာထားခဲ့တဲ့အပြင် Encrypted လုပ်မထားတဲ့အတွက် ဝန်ထမ်းတွေဘက်ကနေ မေးမြန်းခံရမှုတွေ  ရှိနေပြီး  Company ဘက်ကနေ သင့်တော်တဲ့  အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့  ဆိုပါတယ်။

Ref : www.theverge.com

Previous
Previous

Messenger အတွက် Star Wars Dark Theme ရပြီ

Next
Next

iPad သုံးသူတွေအတွက် Laptop သုံးနေသလိုခံစားမှုရနိုင်မယ့် Brydge Keyboard