DXOMark မှာ Huawei Mate 30 Pro 5G ဟာ ကင်မရာ အကောင်းဆုံးဖုန်းဖြစ်သွားပါပြီ
DXOMark မှာတော့ စက်တင်ဘာတုန်းက ထွက်ထားတဲ့ Huawei Mate 30 Pro ဟာ ကင်မရာအကောင်းဆုံး အဖြစ်နေရာယူလိုက်ပါပြီ။သူနဲ့ယှဉ်ပြိုင်ဘက် Xiaomi Mi Note 10 Pro ကို အနိုင်ရသွားတာပါ။5G ရနိုင်ပြီး ကင်မရာ အကောင်းဆုံးဖုန်း အဖြစ် လောလောဆယ် ရှိနေပြီး DXOMark Overall 123 points ရထားပါတယ်။

DXOMark ရဲ့ပြောကြားချက်အရ ဖုန်း ၂ ခုလုံးဟာ Chipsets တွေကလွဲလို့ Hardware Spec ကအတူတူဖြစ်လို့ အဓိကကွာသွားတာက Software Optimization ပါပဲ။Huawei မှာ Software Optimization ကြောင့် Detail ပိုကောင်းတာ၊Auto Focus ပိုကောင်းလာတာ၊Noise Management ပိုကောင်းနေတဲ့အပြင် Low-light မှာလည်း ရုပ်ထွက်ပိုကောင်း၊ Portrait Mode မှာလည်း Dynamic Range ပိုကောင်းတယ်လို့ ဆိုထားပြီး
အဓိက အကောင်းဆုံးအချက်ကတော့ Video Recording မှာ အရမ်းကောင်းတာပါ။Xiaomi ဘက်ကလည်း Software Update ပေးပြီး ဘယ်လိုတုံ့ပြန်မလဲ ဆိုတာတော့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရပါမယ်။