ဒေါ်လာ ၃၉၉ တန် iPhone SE2 ကို မိတ်ဆက်လာဖွယ်ရှိတဲ့ Apple
ဒီဇင်ဘာလ ၆ ရက်နေ့တုန်းက Port-less iPhone ထုတ်မယ်လို့ သတင်းထွက်လာသလို ၂၀၂၀ အတွက် ရေရေလည်လည် Hot နေတဲ့ iPhone SE2 က အခုချိန်မှာ တော်တော်လေး Information စုံနေပြီလို့ ပြောနိုင်ပါတယ်။
Apple အနေနဲ့လည်း ၂၀၁၆ တုန်းကလို Affordable iPhone ထုတ်ဦးမယ်လို့ ယူဆရပြီး အခု ပေါက်ကြားလာတာကတော့ ဒေါ်လာ ၃၉၉ တန် iPhone ပဲ ဖြစ်ပါတယ်။
ဒါကို ဂျပန် Blogger “Mac Otakara” က ထုတ်ပြောလိုက်တာဖြစ်ပြီး 4.7” အရွယ် Display နဲ့ ထွက်လာနိုင်ပါတယ်။ TouchID ခလုတ် ပါလာဦးမှာဖြစ်ပြီး Generation Upgrade အရ A13 Bionic Chip ၊ 3GB RAM နဲ့ 64GB Storage သုံးထားမှာ ဖြစ်ပါတယ်။

Otakara ကတော့ iPhone SE လို 3D Touch မပါလာနိုင်ဘူးလို့ သုံးသပ်ထားသလို iPhone (9 လို) နာမည် ပေးထားပါတယ်။ ဒီနာမည်က ယုတ်တိမတန်သလို ဖြစ်နေပြီး ဘာဖုန်းကို မြင်ရမလဲလို့ Confuse ဖြစ်သွားစေပါတယ်။
Ming-Chi Kuo အဆိုရ Affordable iPhone SE မော်ဒယ်မှာတောင် OLED Panel နဲ့ ထွက်ရှိလာနိုင်ပြီး 5G နဲ့ Dual Camera သုံးလာနိုင်ပါတယ်။ Kuo အနေနဲ့လည်း 4.7” အရွယ် iPhone ထုတ်မယ်လို့ ပြောထားသလို အရောင်အနေနဲ့ Space Gray ၊ Silver နဲ့ အနီရောင် ၃ မျိုး ရှိမှာဖြစ်ပါတယ်။
iPhone SE ကို ၂၀၁၆ မတ်လမှာ မိတ်ဆက်သွားခဲ့တဲ့အတွက် iPhone SE2 ကို ၂၀၂၀ ပထမသုံးလပတ် (ဇန္နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်) မှာ မြင်ရလာနိုင်ပါတယ်။

ဒီအချက်တွေထက် ဒေါ်လာ ၃၉၉ တန်ဖိုးက စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်နေပြီး A13 Bionic ၊ 4.7” Display ဆိုတာက သေးသေးကျစ်ကျစ်နဲ့ Powerful ဖြစ်လွန်းပါတယ်။ အနီးစပ်ဆုံး ပြောနိုင်တာကတော့ Google လို Affordable Pixel 3A လို တန်ဖိုးသင့် ဖုန်းအနေနဲ့ Apple ထုတ်လာဦးမယ်ဆိုတဲ့ မျှော်လင့်ချက်လေးက ပိုအရောင်သန်းလာပြီဆိုတာပဲ ဖြစ်ပါတယ်။
Source: MacRumours