Gmail မှာ Email Forward ဖို့မလိုတော့ဘူး
Gmail ကလောလောဆယ် ထုတ်ပေးလိုက်တဲ့ Update မှာ Email ကို Email ပို့လို့ရသွားပါပြီ။ နည်းနည်းတော့ နားရှုပ်သွားမယ်လို့ ထင်ပါတယ်။ဒီလိုပါ။ အရင်တုန်းက ကိုယ့်ဆီက Email ကိုတစ်ခြားသူဆီ ပို့ချင်ရင် Forward လုပ်တာဖြစ်ဖြစ်၊ Download အရင်လုပ်ပြီးမှ ပြန်ပို့တာဖြစ်ဖြစ် လုပ်ရပါတယ်။ ခုတော့ အဲ့လိုမျိုးတွေ အလုပ်မရှုပ်တော့ပါဘူး။ Email ထဲမှာ တစ်ခြား Email ကို Attach လုပ်ပြီး ပို့လို့ရပါပြီ။

Email Attach လုပ်တဲ့အခါ မိမိစိတ်တိုင်းကျ ကြိုက်သလောက် Email တွေကို Attach လုပ်ပေးနိုင်ပြီး File Extension အနေနဲ့တော့ .eml အနေနဲ့ ဖော်ပြပြီး Attach ပေးသွားမှာဖြစ်ပါတယ်။
ဘာလို့ ဒီ Feature ကိုထည့်ပေးရသလဲ ဆိုတော့ "ကျွန်တော်တို့ အနေနဲ့ ခုလို Email ကို တစ်ဆင့်ပြန်ပြီး Email ပို့တာက Email အများကြီးကို တစ်ခုချင်း Forward ပြန်လုပ်တာထက် ပိုပြီးအဆင်ပြေသလို၊ Email လက်ခံတဲ့သူအနေနဲ့လည်း Email တွေအများကြီးကို တစ်ခုချင်း လိုက်ဖွင့်ကြည့်နေရတာထက် ခုလိုတစ်စုတစ်စည်းထည်း ကြည့်လို့ရတာ ပိုအဆင်ပြေတယ်" လို့ Google မှတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။ဒီ Feature ကိုနောက်နှစ်ပတ်လောက်က စပြီး အသုံးပြုလို့ရအောင် ထုတ်ပေးသွားမှာပါ။