120Hz Display ၊ Sony IMX700 Lens နဲ့ Graphene Battery သုံးလာနိုင်တဲ့ HUAWEI P40

စမတ်ဖုန်း Photography မှာ “သူတစ်လူ၊ ငါတမင်း” မင်းမူနေတဲ့ P စီးရီး စမတ်ဖုန်းတွေကတော့ တစ်ခရီး ဆက်ပါဦးမယ်။ ပေါက်ကြားလာတဲ့ Specification တွေကလည်း ကြွေစရာ ကောင်းသလို Advanced နည်းပညာတွေ ထွေးပိုက်ထားတဲ့ HUAWEI စမတ်ဖုန်းအဖြစ် မြင်တွေ့ရဦးမှာပါ။

သိရသလောက်ဆိုရင် Samsung စမ်းသပ်နေပြီဖြစ်တဲ့ Graphene Battery ကို Galaxy S11 စီးရီးတွေနဲ့အပြိုင် အသုံးပြုလာနိုင်ပါတယ်။ 5,500 mAh ဝင်ဆံ့မယ်လို့ သိထားရပေမယ့် Graphene နည်းပညာဟာ Lithium Battery တွေထက် Size ပိုသေးပြီး Capacity များများ ပိုဆံ့ပါတယ်။

ကာဗွန်တစ်မျိုးထဲနဲ့ ပြုလုပ်ထားတဲ့ Graphene Battery ဟာ သီအိုရီအရ လျှပ်စီးအားပိုကောင်းပါတယ်၊ အဲ့ဒါကြောင့် Power Delivery ပိုများတဲ့ 50W Fast Charging အတွက် အထောက်ကူဖြစ်စေနိုင်သလို Durability ပိုင်းမှာဆိုရင် Lithium Battery တွေထက် အပူထွက်ပိုနည်းပါတယ်။

HUAWEI P30

ပေါက်ကြားလာတဲ့ သတင်းမှာတော့ P40 မှာ သုံးလာမယ့် Graphene Battery ဟာ Lithium Battery တွေရဲ့ ၇၀% လောက်ပဲ အရွယ်စားရှိမှာ ဖြစ်ပါတယ်။ 50W Fast Charging စနစ် အသုံးပြုလာနိုင်ပြီး ၄၅ မိနစ်အတွင်း 5,500 mAh Battery ကို အားအပြည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

နောက်ထူးခြားချက်က P40 Pro မှာ QHD+ Resolution သုံးလာနိုင်ပြီး 120Hz Refresh Rate ကို ထောက်ပံ့ထားမယ်ဆိုတာပဲ ဖြစ်ပါတယ်။ Screen-to-body Ratio အနေနဲ့လည်း ၉၈% ရှိလာနိုင်တဲ့အတွက် Display ပိုင်းမှာ ဂရုစိုက်လာပြီလို့ သုံးသပ်နိုင်ပါတယ်။

Company Logo

ဖြစ်နိုင်ချေတစ်ခုက P40 စီးရီးတွေမှာ Samsung နဲ့ BOE OLED အစား VisionOX Display သုံးလာနိုင်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာ ကြိုပြောထားနိုင်တာက Kirin 990 5G SoC သုံးဖို့ 100% သေချာတယ်။

P စီးရီးတွေရဲ့ Game Changer ဖြစ်နေတာ Camera တွေဆိုတော့ P40 မှာ ပိုကောင်းတဲ့ Sensor တွေသုံးဖို့က ကျိန်းသေပြောထားနိုင်ပါတယ်။ Rumours တွေအရ Sony IMX700 ဒါမှမဟုတ် IMX686 Primary Lens သုံးလာနိုင်ပါတယ်။

Fan Made HUAWEI P40
Via. GizmoChina

OIS အထောက်ပံ့နဲ့ မြင်ရနိုင်ပြီး 20MP Ultra-wide Lens ၊ 12MP Periscope Telephoto Lens ၊ Macro Lens တစ်လုံးနဲ့ ToF Sensor တစ်ခုပါလာနိုင်ပါတယ်။ P40 Pro မှာတော့ Ultra-wide Dual Selfie Lens သုံးလာနိုင်ပြီး Android 10 နဲ့ တွဲဖက်ထားမယ့် EMUI 10 ဖုန်းတွေအဖြစ် မြင်ရဦးမှာပါ။

သုံးသပ်ချက် အနေနဲ့ကတော့ P40 စီးရီးတွေလည်း အမေရိကန် ထုတ်ကုန်ပစ္စည်းတစ်ခုမှ သုံးမထားဘဲ ပွဲထွက်လာပါဦးမယ်။ ရောင်းစျေးအနေနဲ့ကတော့ ပြောဖို့ စောသေးပြီး Galaxy S11 စီးရီးတွေ မိတ်ဆက်ပြီးသွားတဲ့အခါမှ ၂၀၂၀ စမတ်ဖုန်းလောကကို ဘယ်လိုရိုက်ခတ်ဦးမလဲ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Source: GizmoChina

Previous
Previous

Call Waiting Feature ပါဝင်လာတဲ့ WhatsApp

Next
Next

ဒေါ်လာ ၃၉၉ တန် iPhone SE2 ကို မိတ်ဆက်လာဖွယ်ရှိတဲ့ Apple