Call Waiting Feature ပါဝင်လာတဲ့ WhatsApp

Messaging App တစ်ခုဖြစ်တဲ့ WhatsApp ကိုမြန်မာနိုင်ငံမှာ လူသုံးနည်းနေပေမယ့်လည်း အနောက်နိုင်ငံ တော်တော်များများမှာတော့ သုံးစွဲနေကြပါတယ်။ WhatsApp အနေနဲ့နောက်ပိုင်းမှာ စာပို့တာထက် ဖုန်းဆက်တဲ့လုပ်ဆောင်ချက်ပိုင်းကို ဦးစားပေးပြီး အဆင့်မြှင််နေတာကို တွေ့ရပါတယ်။

November လတုန်းက Grouped Sticker နဲ့  Fingerprint Authentication Feature တွေကိုမိတ်ဆက်ပေးပြီးတဲ့နောက်မှာတော့ Call Waiting Feature  ကိုထပ်မံမိတ်ဆက်လိုက်ပါတယ်။
Call Waiting ဆိုတာကတော့ သာမန်ဖုန်းတွေမှာ အသုံးပြုနေတဲ့ Call Waiting  နဲ့လုပ်ဆောင်ပုံချင်း အတူတူပါပဲ။
အရင််တုန်းကတော့ WhatsApp မှာဖုန်းတစ်ခုကို ပြောနေတုန်း နောက်ဖုန်းတစ်ခု ဝင်လာရင် မသိနိုင်ပါဘူး။ခုဒီ Update အပြီးမှာတော့ ဖုန်းဝင်လာရင် သိနိုင်တော့မှာပါ။Call  Waiting ကနေတစ်ဆင့် ဖုန်းပြောနေသူအနေနဲ့ လက်ရှိပြောနေတဲ့ ဖုန်းကိုချပြီး ကိုင်မလား ဒါမှမဟုတ် မကိုင်ပဲထားမလား ကြိုက်သလို ရွေးချယ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။တစ်ခုသတိထားရမှာက   ရိုးရိုး Call  တွေလို  Hold  လုပ်ထားလို့တော့ မရဘူးလို့ ဆိုပါတယ်။


ဒီ Feature ကို iOS တွေမှာ လွန်ခဲ့တဲ့လ WhatsApp Version v2.19.120  မှာကတည်းက သုံးလို့ရနေတာဖြစ်ပြီး  Android မှာတော့ Version v2.19.352 မှာစတင်အသုံးပြုနိုင်မှာပါ။
နောက်ပိုင်း Version တွေမှာတော့  WhatsApp အနေနဲ့ Group Chat  ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်အသစ်တွေလည်း ပါဝင်လာဖို့ရှိိလို့ စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ။

Ref : www.gizmochina.com

Previous
Previous

သင်္ချာကြောက်သူတွေ ဆောင်ထားသင့်တဲ့ Microsoft's Math Solver

Next
Next

120Hz Display ၊ Sony IMX700 Lens နဲ့ Graphene Battery သုံးလာနိုင်တဲ့ HUAWEI P40