သင်္ချာကြောက်သူတွေ ဆောင်ထားသင့်တဲ့ Microsoft's Math Solver

ငယ်ငယ်ကတည်းကရော ကျောင်းပြီးတဲ့အထိ ကျောင်းသားဘဝမှာ ကြောက်ဖို့အကောင်းဆုံးဆိုတာနဲ့ တော်တော်များများ ဖြေကြမှာက သင်္ချာ ပါပဲ။လောလောဆယ်မှာတော့ Microsoft  ကထုတ်ပေးလိုက်တဲ့ Math Solver လေးက နည်းနည်းလောက်ဖြစ်ဖြစ် သင်္ချာကြောက်သူတွေအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်မှာပါ။

ဒီ Math Solver အတွက် Advanced  AI ကိုသုံးပေးထားတယ်လို့သိရပါတယ်။ပုစ္ဆာတွေကို ဓာတ်ပုံရိုက်ပြီးဖြစ်စေ၊ စာလုံးရိုက်ပြီးဖြစ်စေ၊ အသံထွက်ဖတ်ပြတာဖြစ်စေ Input ပြုလုပ်နိုင်မှာဖြစ်ပြီး  ပုစ္ဆာတွေကို  ဖြေရှင်းပေးရုံမက ဖြေရှင်းနည်းကို တစ်ဆင့်ချင်းတစ်ဆင့် ရှင်းပြထားတာကြောင့် တော်တော်လေး အဆင်ပြေပါတယ်။

အတွက်ပုစ္ဆာတွေသာမက Graph  ပုံတွေ၊ Video Lecture တွေလည််း ပေးနိုင်တာကြောင့် ပုစ္ဆာတွေ လေ့ကျင့်ရေးအတွက်လည်း အသုံးပြုနိုင်ပါတယ်။

Arithmetic,Algebra,Trigonometry,Calculus,Statistics စတဲ့ပုစ္ဆာတွေအပြင် စာလုံးတွေပါဝင်တဲ့ ပြဿနာတွေပါ ဖြေရှင်းပေးနိုင်မယ်လို့ Microsoft  ကဆိုထားပါတယ်။

ဒီ App  ကို Play Store  မှာအခမဲ့ရယူနိုင်မှာဖြစ်ပြီး 25MB သာရှိပေမယ့်လည်း In-App-Purchases မလိုတာကြောင့် သင်္ချာကြောက်သူတွေအတွက် စမ်းကြည့်သင့်တဲ့ App လေးတစ်ခုပါ။

Previous
Previous

သိန်း ၈၀၀ ကျော်အထိ အမြင့်ဆုံးကျသင့်နိုင်တဲ့ Apple Mac Pro 2019

Next
Next

Call Waiting Feature ပါဝင်လာတဲ့ WhatsApp