Android ဖုန်းတွေမှာ Mobile Data ဘယ်လိုချွေတာကြမလဲ?

ဖုန်းဝယ်ပြီးသွားတဲ့အချိန်ကစလို့ ဘေလ် ခဏခဏဖြည့်နေရတဲ့ ဒုက္ခမျိုး ကြုံနေကြမှာပါ။ အဲ့ဒါကြောင့် Mobile Data ချွေတာနိုင်မယ့် နည်းလမ်းတွေ Android ဖုန်းအတွက် ဖော်ပြလိုက်ပါတယ်။

Data Limit ဖွင့်ပေးထားပါ

ဖုန်းသုံးနေသူအများစုက အင်တာနက် ဘယ်လောက် သုံးနေသလဲဆိုတာ မသိကြပါဘူး။ Setting ထဲမှာ Data Limit ဖွင့်ပေးလိုက်တာက အသုံးချွေတာနိုင်ပါတယ်။

Limit Mobile Data

အထူးသဖြင့် တစ်ပတ်၊ တစ်ပတ်ကို အင်တာနက် ဘယ်လောက်သုံးနေသလဲ သိနိုင်သလို ဘယ်လို Package မျိုးဝယ်သုံးတာ အကျိုးရှိမလဲ အထောက်ကူဖြစ်စေမှာပါ။

Data Saver သုံးပေးပါ

ဒုတိယ အနေနဲ့ Background Data သုံးစွဲတဲ့ Apps တွေကြောင့် Data Saver Mode နဲ့ အသုံးပြုစေလိုပါတယ်။

Data Saver

အထူးသဖြင့် Facebook က အင်တာနက် ပိုသုံးတဲ့အတွက် App မှာ Data Save Mode ပါလာတယ်။ ဒီလိုပဲ Google Chrome Browser မှာလည်း Data Saver ရှိတဲ့အတွက် အသုံးချွေတာနိုင်ပါတယ်။

Wi-Fi နဲ့ပဲ Update လုပ်ပါ

Software Update ၊ System Update နဲ့ Big File တွေကို Wi-Fi နဲ့ Download ဆွဲတာက အင်တာနက်ဒေတာထက် ပိုမြန်ပြီး ပါဝါအစားပိုနည်းပါတယ်။

Update on Wi-Fi

သာမန် အသုံးပြုဖို့အတွက်လည်း အသုံးချွေတာပေးနိုင်တာမို့ Battery Life ၊ Mobile Data ချွေတာဖို့အတွက် အထောက်ကူ ဖြစ်စေပါတယ်။

Live Streaming တွေကို Low Quality ဒါမှမဟုတ် Offline ပဲကြည့်ပါ

Live Stream Quality က ဖုန်း Hardware အလိုက် ပြောင်းနိုင်တာမို့ တတ်နိုင်သမျှ Download ဆွဲပြီး Offline ကြည့်စေချင်ပါတယ်။

Streaming on Medium Quality

Netflix ကို S10 Plus မှာကြည့်တာထက် S10e မှာကြည့်တာက ပိုသက်သာတယ်

ဒါကိုကြည့်ရင် Display Quality ကြောင့် S10 ဖုန်းချင်းမှာတောင် အင်တာနက် သုံးစွဲနှုန်းက မတူပါဘူး။ ဒါကြောင့် YouTube ဗီဒီယိုတွေနဲ့ Live Stream တွေကို Offline ပဲ ကြည့်စေချင်ပါတယ်။

လိုအပ်ရင် Background Data ကို ပိတ်ထားပါ

Gmail နဲ့ Social Media App တွေအပြင် အင်တာနက် အသုံးလိုတဲ့ ဘယ် App မဆို Background Data အနည်း၊ အများ သုံးတတ်ပါတယ်။

Restric Background Data

ဒီ App တွေကို ပိတ်တာထက် Manually Check In လုပ်နိုင်တယ်ဆိုရင် ပိတ်လိုက်တာ ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ Gmail ကို သွားပိတ်ထားရင် Notification ပေါ်မလာတော့လိုပါ။

Previous
Previous

Custom CPU အဖြစ် မြင်တွေ့ရဖို့ မရှိတော့တဲ့ Samsung ရဲ့ Exynos Processor

Next
Next

၂၅ နှစ် ပြည့်သွားပြီဖြစ်တဲ့ Sony PlayStation 1