၂၅ နှစ် ပြည့်သွားပြီဖြစ်တဲ့ Sony PlayStation 1
သက္ကရာဇ် ၂၀၀၀ ဆိုတာ ခုခေတ်လူငယ်တွေအတွက် ရယ်စရာလို့ ပြောချင်ပြောနိုင်ပေမယ့် ကျနော်တို့ ခေတ်တုန်းကဆိုရင်တော့ ဂိမ်းဆိုင်မှာ ဘော်ဒါတွေနဲ့ သွားဆော့ကြတယ်။ တစ်နာရီကို ၁၀၀ ကနေ ၁၅၀ ကျပ်ထိ ပေးကစားခဲ့ရပြီးတော့ အလှည့်နဲ့ ကစားခဲ့ရတယ်။
ကျူရှင်လစ်၊ ကျောင်းလစ် လို့ ပျောက်ပြီဟေ့ဆိုရင် ဘယ်မှသွားမရှာနဲ့၊ တစ်နေရာရာက ဂိမ်းဆိုင်မှာ ဒီကောင်ရှိတယ်၊ သွားရှာချေ စသဖြင့် အမှတ်တရကိုယ်ဆီ ရှိနေကြမှာပါ။

ကျွန်တော် စွဲစွဲလမ်းလမ်း ကစားခဲ့တာ ပြောရရင်တော့ Final Fantasy VII ၊ Resident Evil 2 & 3 ၊ Spider-man ၊ Mega-man ၊ Dino Crisis တို့ပဲ ဖြစ်ပြီး ဘော်ဒါတွေနဲ့ဆိုရင်တော့ WWF Smack Down ၊ Tekken 3 ၊ Street Fighter 3 ၊ Command & Conquer: Red Alert တွေပဲ ဖြစ်ပါတယ်။
တချို့ဂိမ်းတွေက နာမည် မမှတ်မိတော့လို့ မဖော်ပြလိုက်ရပေမယ့် ပရိသတ်ထဲမှာလည်း PlayStation 1 တွေနဲ့ အမှတ်တရ ကိုယ်စီ ရှိကြမယ်ထင်ပါတယ်။ ဒီဇင်ဘာလ ၃ ရက်နေ့မှာ Original Console ထွက်ရှိခဲ့တာ ၂၅ နှစ် ရှိသွားပြီဖြစ်သလို Sony အနေနဲ့လည်း အမှတ်တရ ဂုဏ်ပြုထားတာ ရှိပါတယ်။
ခုချိန်မှာ Console တွေ အများကြီးရှိနေပေမယ့် ပထမဆုံး ရောင်းအားအကောင်းဆုံးအဖြစ် ရပ်တည်နေတာကတော့ PlayStation 1 ပါ။ အလုံးရေ သန်း ၁၀၀ ကျော်ရောင်းချထားရပြီး ဒုတိယလိုက်နေသူက PlayStation 4 ဖြစ်ပါတယ်။

အမွေနှစ် ပြောရမယ်ဆိုရင်တော့ PlayStation 1 မထွက်ခင် ၁၉၉၀ အစောပိုင်း ကာလတွေမှာ Nintendo နဲ့ Sega Console တွေ ခေတ်စားခဲ့ပါတယ်။ ဆိုင်တွေမှာ ၁ နာရီ ၅၀ စျေးနှုန်းနဲ့ ကစားခဲ့ရသလို PlayStation 1 ပေါ်လာတဲ့ ၁၉၉၄ ၊ ၉၅ မှာတော့ သိသိသာသာကို ကစားသူ နည်းလာခဲ့ပါတယ်။
အထူးသဖြင့် PS ရဲ့ 3D ရုပ်ထွက်ကို ပိုနှစ်သက်ကြသလို ခုခေတ် Remake Version ပြန်ထွက်နေတဲ့ Resident Evil 2 ဆိုတာ PlayStation 1 မှာ အကောင်းဆုံး ဂိမ်းအဖြစ် ရပ်တည်ခဲ့တာပါ။ အရေးပါဆုံး အချက်ကတော့ Resident Evil အပြင် Tomb Raider ၊ Final Fantasy နဲ့ Metal Gear လို ဂိမ်းမျိုးတွေရဲ့ Franchise Builder လည်း ဖြစ်ခဲ့တဲ့အတွက်ကြောင့် အောင်မြင်ခဲ့တာလို့လည်း ပြောနိုင်ပါတယ်။

အဲ့ခေတ်တုန်းက အင်တာနက်လည်း မတွင်ကျယ်သေးသလို Multi-player ဆိုတာကလည်း PVP အဆင့်ပဲ ရှိသေးတာကြောင့် Single-player ဂိမ်းကောင်းတွေပဲ ဆက်တိုက်ထွက်ခဲ့ပါတယ်။ ပရိသတ်တွေ အနေနဲ့လည်း PlayStation 1 ကို ပြန်အမှတ်ရသွားအောင် လူကြိုက်အများဆုံး ၂၅ ဂိမ်းကို ဖော်ပြလိုက်ပါတယ်။
25. WWF SmackDown 2 (Metacritic: 84)
24. Dance Dance Revolution (Metacritic: 84)
23. Syphon Filter (Metacritic: 87)
22. Ape Escape (Metacritic: 87)
21. Crash Bandicoot 3: Warped (Metacritic: 91)
20. Legacy of Kain Soul Reaver (Metacritic: 91)
19. Resident Evil 1996 (Metacritic: 91)
18. Tomb Raider (Metacritic: 91)
17. Spyro: Year of the Dragon (Metacritic: 91)
16. Colony Wars (Metacritic: 91)
15. PaRappa the Rapper (Metacritic: 92)
14. Medal of Honor (Metacritic: 92)
13. Final Fantasy VII (Metacritic: 92)
12. Tony Hawk Pro Skater (Metacritic: 92)
11. Vagrant Story (Metacritic: 92)
10. Wipeout XL (Metacritic: 93)
9. Castlevania Symphony of the Night (Metacritic: 93)
8. Street Fighter Alpha 3 (Metacritic: 93)
7. Gran Turismo 2 (Metacritic: 93)
6. Metal Gear Solid (Metacritic: 94)
5. Chrono Cross (Metacritic: 94)
4. Final Fantasy IX (Metacritic: 94)
3. Gran Turismo (Metacritic: 96)
2. Tekken 3 (Metacritic: 96)
1. Tony Hawk’s Pro Skater 2 (Metacritic: 96)
Credit: Kevin Webb