Custom CPU အဖြစ် မြင်တွေ့ရဖို့ မရှိတော့တဲ့ Samsung ရဲ့ Exynos Processor
Exynos လို့ ပြောလိုက်တာနဲ့ Samsung ဖုန်းတွေမှာ အသုံးပြုနေတဲ့ Flagship Processor ကို ချက်ချင်း ပြေးမြင်ကြမှာပါ။
Single Core စွမ်းဆောင်ရည်မှာ Qualcomm SoC ထက် ပိုသာလေ့ရှိပြီး အထူးသဖြင့် Samsung ရဲ့ Mongoose Cores တွေကြောင့် ပိုပြီး Powerful ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
Exynos (8890) Chip ကို Galaxy S7 မှာ စသုံးခဲ့သလို Customised လုပ်ထားတဲ့ Mongoose Cores စွမ်းဆောင်ရည်ကြောင့် Performance (Single Core) နဲ့ Camera Function တချို့မှာ Snapdragon ထက်တောင် ပိုကောင်းတဲ့ အနေထားရှိပါတယ်။

ဒါပေမယ့် Mult-Core နဲ့ Power Efficient ဖြစ်တဲ့အပိုင်းတွေမှာ Qualcomm ရော တခြား Mobile Chip တွေကိုပါ မယှဥ်နိုင်တဲ့အတွက် Samsung အနေနဲ့ လက်လျှော့လိုက်ဟန် ရှိပါတယ်။
Android Authority မှာ ပြောဆိုချက်အရ အမေရိကမှာ ထုတ်လုပ်နေတဲ့ Samsung CPU ဌာနတစ်ခုလုံးကို ရပ်နားသွားတော့မယ်လို့ အတည်ပြုလိုက်ပြီဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။

တက္ကဆက်ပြည်နယ်ရဲ့ WARN (Worker Adjustment and Retraining) ထုတ်ပြန်ချက်ထဲမှာ ဆိုရင်လည်း အလုပ်သမားပေါင်း ၂၉၀ ကျော်ကို ဒီဇင်ဘာ ၃၁ ရက်ကစပြီး ရပ်နားသွားမယ်လို့ ပြောထားပါတယ်။
Samsung အနေနဲ့ကတော့ R&D အပိုင်းကို အမေရိကနဲ့ Migration လုပ်ဖို့ အစီစဥ်ရှိတဲ့ သဘောကို Android Authority မှာ အတိုချုံး ပြောဆိုထားပါတယ်။
ဒါကြောင့် Custom Exynos Chip ဆက်ထုတ်ဖို့ အလားလာ မရှိတော့သလို ကျွမ်းကျင်သူတွေက ARM Cortex နဲ့ အစားထိုးလာဖွယ်ရှိတယ်လို့ သုံးသပ်နေကြပါတယ်။

လက်ရှိ Production Range အရ Galaxy S11 မှာ Exynos 9830 SoC သုံးထားမယ်လို့ သိနေရသလို ဝေဝါးစရာဖြစ်နေတာက S11 Chip ဟာ Mongoose Based ဖြစ်နေမလား ဆိုတာပါပဲ။
အကယ်၍ ၂၀၁၉ ထဲမှာပဲ Cut Out လုပ်ပြီး Exynos Chip တွေကို Qualcomm လုပ်သလို Tweaked လုပ်ပြီးသား ARM Cores သုံးမယ်ဆိုရင်တော့ S11 တွေ ပိုကြမ်းလာနိုင်ပါတယ်။

နောက်တစ်ခု ဇဝေဇဝါ ဖြစ်စေတာက Radeon Mobile GPU တွေကို Exynos SoC တွေမှာ သုံးလာမယ်ဆိုတဲ့ ကြေညာချက်ဖြစ်ပြီး Samsung သွားချင်နေတဲ့ Transition Phase က အတည်ပြောရခက်တဲ့ အနေထား ရှိစေပါတယ်။
တကယ်လို့သာ Exynos Processor Lithography ထဲ Custom ARM Cores နဲ့ Radeon GPU ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ Mobile Chip တွေထဲမှာ Revolutionary Processor ဖြစ်လာနိုင်မယ်လို့ သုံးသပ်ရပါတယ်။
Source: Android Authority