ဗီယက်နမ်မှာ ထုတ်လုပ်နေတဲ့ VSMART စက်ရုံသို့ အလှည်တစ်ခေါက်
VSMART ဟာ မြန်မာနိုင်ငံကို ၂၀၁၉ မှ ဝင်ရောက်လာတဲ့ စမတ်ဖုန်း Brand တစ်ခုဖြစ်ပါတယ်။ မေလ ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ Distribution Partner “Strong Source Group” နဲ့ VSMART ထုတ်ကုန်တွေကို ရောင်းချသွားဖို့ စီစဥ်ခဲ့တာ ဖြစ်ပါတယ်။
အခုဆိုရင်တော့ Strong Source Group အပါ Co-operator တွေဖြစ်တဲ့ MyTel နဲ့ Shop.com.mm (Alibaba) တို့လည်း ပါဝင်နေပြီ ဖြစ်ပါတယ်။ ရောင်းချနေတဲ့ စမတ်ဖုန်းတွေအနေနဲ့ ဆိုရင်တော့ Joy1 ၊ Joy1+ ၊ Active 1 ၊ Active1+ နဲ့ VSMART Live တို့ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ Akhayar – Tech အနေနဲ့ VSMART စမတ်ဖုန်း ထုတ်ကုန်စက်ရုံကို ၂၀၁၉ နိုဝင်ဘာလထဲမှာ လည်ပတ်ခွင့်ရခဲ့ပြီး VSMART ကို Vingroup လုပ်ငန်းစုက ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
Vingroup အကြောင်းပြောရင်တော့ ဗီယက်နမ်နိုင်ငံရဲ့ အကြီးဆုံး စတော့ရှယ်ယာ ကုမ္ပဏီလို့ တင်စားနိုင်သလို Hotel လုပ်ငန်း၊ Shopping Malls ၊ ဆေးရုံအစရှိတဲ့ လုပ်ငန်းပေါင်း ၁,၀၀၀ ကျော်နဲ့ လှည်ပတ်နေတာ ဖြစ်ပါတယ်။
VSMART စက်ရုံကတော့ Hòa Lac Hi-Tech Park ပန်းခြံထဲမှာ တည်ရှိတာဖြစ်ပြီး ပန်းခြံကြီးဟာ ဟက်တာဧရိယာ ၁,၅၈၆ အထိ ကျယ်ဝန်းပါတယ်။ ဒီလို ဘော်လုံးကွင်း ၁၀ ကွင်းမက ကြီးမားလှတဲ့ ပန်းခြံထဲက VSMART စက်ရုံဟာ ဝန်ထမ်းအင်အားပေါင်း ၁,၂၇၀ နဲ့ နေ့စဥ် ပုံမှန် လည်ပတ်နေတာ ဖြစ်ပါတယ်။

စက်ရုံတစ်ခုလုံးရဲ့ ပျမ်းမျှလုပ်အားကို တစ်နေ့တာ အတိုင်းတာနဲ့ ပြောရင်တော့ စမတ်ဖုန်း အလုံးရေပေါင်း ၇ သောင်း ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ Production Rate အနေနဲ့ဆိုရင်တော့ စမတ်ဖုန်းတစ်လုံးထုတ်ဖို့ ၂၅ နာရီကနေ နာရီ ၅၀ အထိ အချိန်ယူရပါတယ်။

အရည်သွေးပိုင်း (Quality Control) အနေနဲ့ Samsung ကုမ္ပဏီရဲ့ ကျွမ်းကျင် အင်ဂျင်နီယာတွေ ကြီးကြပ်သလို Quality Test တွေဖြစ်တဲ့ Drop Tester, Tumbling, Box compression, Bumping, Steel Drop ကို International Standard နဲ့ စစ်ဆေးတာ ဖြစ်ပါတယ်။

Quality Analysis အနေနဲ့ တာဝန်ရှိသူတွေက ကြီးကြပ်တာဖြစ်ပြီး ထုတ်ကုန်ထုတ်ပိုးမှုအဆင့်ထိပါ ISO အသိမှတ်ပြုလက်မှတ်နဲ့ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
