နိုဝင်ဘာလအတွက် စွမ်းဆောင်ရည် အကောင်းဆုံးဖုန်း ၁၀ လုံးကို ထုတ်ပြန်လိုက် တဲ့ AnTuTu

စမတ်ဖုန်းမျိုးစုံထွက်နေတဲ့ ၂၀၁၉ လည်း ဒီဇင်ဘာလ ကုန်တာနဲ့ ဒီဇိုင်းသစ်၊ နည်းပညာသစ်နဲ့ ခရီးဆက်ပါဦးမယ်။ မော်ဒယ် အမျိုးစား အစုံရှိနေတော့ ဘယ်ဖုန်းပိုကောင်းလဲဆိုတာ တိတိကျကျ ဝေခွဲရခက်ပါတယ်။

ဒိအတွက် AnTuTu ကနေ နိုဝင်ဘာလအတွင်း တိုင်းတာရရှိထားတဲ့ Flagship နဲ့ Mid-Range ဖုန်း အလုံး ၂၀ ရဲ့ Performance ဇယားကို ထုတ်ပြလိုက်ပြီး စွမ်းဆောင်ရည် အကောင်းဆုံး ၁၀ လုံးကို စာရင်းနဲ့တကွ ဖော်ပြလိုက်ပါတယ်။

Apple iPhone 11 ကတော့ သိတဲ့အတိုင်း စွမ်းဆောင်ရည် အကောင်းဆုံးလို ဖြစ်နေတော့ AnTuTu List ထဲမှာ မပါလာပါဘူး။ ဒါက မထူးဆန်းပေမယ့် အောက်တိုဘာလထဲမှာ ထွက်ရှိထားတဲ့ Pixel 4 ၂ မျိုးလုံး Top Ten စာရင်းထဲက ပျောက်နေပါတယ်။

AnTuTu Flagship Phones November Performance Chart
Via. GSMArena

Gaming Phone ဖြစ်တဲ့ ROG Phone II က ထိပ်ဆုံးမှာ နေရာယူထားဆဲဖြစ်ပေမယ့်၂၀၁၉ ခုနှစ်ထွက် OnePlus ဖုန်းတွေက Position 5 အထိကို နေရာယူထားပါတယ်။ ဒုတိယနဲ့ တတိယလိုက်နေတာကတော့ နံပတ် ၄ နေရာက realme နဲ့ Redmi တို့ပဲ ဖြစ်ပြီး Position 8 ကို Zenfone နဲ့ သိမ်းပိုက်ထားလို့ AnTuTu ဇယားကို ASUS နဲ့ OnePlus တို့ လွှမ်းမိုးထားတယ်လို့ ပြောနိုင်ပါတယ်။

နောက်ဆုံးမှာတော့ Galaxy Note10+ ပဲ ဖြစ်ပြီး ထူးထူးဆန်းဆန်း Exynos 9825 SoC နဲ့ နံပတ် ၁၀ နေရာမှာ ပါဝင်လာပါတယ်။ Flagship ဖုန်း စာရင်းက ငြီးငွေ့စရာ ကောင်းပါတယ်၊ ၁၀ လုံးရှိတဲ့ဖုန်းကို Top Ten ရထားတာ မထူးဆန်းပေမယ့် Mid-Range တန်းမှာတော့ ပရိသတ်ကြီးလည်း အံအားသင့်မယ် ထင်ပါတယ်။

AnTuTu Mid-Range Phones November Performance Chart
Via. GSMArena

ထိပ်ဆုံးမှာ နေရာယူထားသူက Redmi နဲ့ Reno2 ပဲ ဖြစ်ပြီး AnTuTu စာရင်းရဲ့ ၅ နေရာစာလောက်ကို Redmi ဖုန်းတွေနဲ့ သိမ်းပိုက်ထားပါတယ်။ Samsung ကတော့ Galaxy A80 နဲ့ နံပတ် ၄ နေရာ ရထားသလို ၂၀၁၉ အောက်တိုဘာလထဲမှာ ထွက်ရှိထားတဲ့ ဗီယက်နမ်ဖုန်း VSMART Live က နံပတ် ၁၀ နေရာနဲ့ အကောင်းဆုံး ဖုန်းစာရင်းထဲမှာ ပါလာပါတယ်။

AnTuTu အနေနဲ့ SoC နဲ့ Dual UFS Storage တွဲသုံးတာဟာ စမတ်ဖုန်း စွမ်းဆောင်ရည်ကို သိသိသာသာ ပိုကောင်းစေတယ်လို့ ကောက်ချက်ချထားပါတယ်။

Source: GSMArena

Previous
Previous

Gmail မှာ Email Forward ဖို့မလိုတော့ဘူး

Next
Next

ဗီယက်နမ်မှာ ထုတ်လုပ်နေတဲ့ VSMART စက်ရုံသို့ အလှည်တစ်ခေါက်