၂၀၂၀ နှစ်ကုန်မှာ လူတိုင်း 5G ဖုန်းတွေသုံးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ OPPO ရဲ့ ဒုဥက္ကဌ ပြော
လတ်တလောမှာတော့ OPPO ရဲ့ ပထမဆုံး 5G ဖုန်းကို တရုတ်မှာ စတင်မိတ်ဆက်ဖို့ ပြင်နေပါပြီ။ဒါတင်မကပဲ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ $200 ဝန်းကျင်နဲ့ လူတိုင်းတတ်နိုင်မဲ့ 5G ဖုန်းတွေ တရုတ်နိုင်ငံမှာ ရောင်းချပေးသွားမယ်လို့ ဒုဥက္ကဌ Wu Qiang ကတရုတ်မီဒီယာတွေကို ပြောကြားခဲ့ရုံ သာမက၂၀၂၀ မှာ 5G ဖုန်းအလုံးပေါင်း 150 million ထုတ်လုပ်သွားမှာဖြစ်ပြီး $400 ဝန်းကျင် တန်ကြေးရှိတဲ့ ဖုန်းတွေမှာ 5G နည်းပညာပါဝင်လာနိုင်တယ်လို့ ထပ်မံပြောခဲ့ပါတယ်။
OPPO အနေနဲ့ကတော့ သူရဲ့ ပထမဆုံး Snapdragon 765G Processor သုံး 5G ဖုန်း OPPO Reno 3 Pro ကို တရုတ်မှာ မကြာခင် မိတ်ဆက်သွားမဲ့အပြင် ၂၀၂၀ နှစ်စမှာ နောက်ဆုံးပေါ် Snapdragon 865 သုံး 5G ဖုန်းတွေကို မိတ်ဆက်သွားဖို့ရှိနေပါတယ်။
လောလောဆယ် ဈေးအသက်သာဆုံးနဲ့ 5G နည်းပညာပါဝင်တဲ့ ဖုန်းကတော့ Huawei Brand ခွဲတစ်ခုဖြစ်တဲ့ Honor ရဲ့ Honor V30 ပဲဖြစ်ပြီး Punch-Hole 1080 Screen,Kirin 990 Processor ပါဝင်ကာ ဈေးနှုန်းကတော့ $468 ကျသင့်မှာပါ။OPPO နဲ့အပြိုင် Xiaomi ကလည်း ၂၀၂၀ နှစ်စပိုင်း မှာ Snapdragon 865 သုံးပထမဆုံး 5G ဖုန်းဖြစ်လာမယ့် Mi 10 5G ကိုမိတ်ဆက်ဦးမှာပါ။

Snapdragon 865 ကို 5G Flagship တွေအတွက်ထုတ်လုပ်ထားတာဖြစ်ပြီး 765 ကိုတော့ budget 5G ဖုန်းတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာပါ။5G နည်းပညာထွန်းကားလာတာနဲ့အမျှ စမတ်ဖုန်းလောက တစ်မျိုးပြောင်းသွားနိုင်ပြီး တစ်ခြားမိုဘိုင်းနည်းပညာသုံး Smartdevices တွေ၊Car တွေလည်း တစ်မျိုးတစ်ဖုံပြောင်းသွားနိုင်ပါတယ်။
ပြီးခဲ့တဲ့ ဘဏ္ဏာနှစ်အတွင်းမှာ OPPO နဲ့ Xiaomi အနေနဲ့ Qualcomm ရဲ့ ဝင်ငွေ 10% ထိဝယ်ယူခဲ့ကြပြီး $24.2 billion တန်ကြေးရှိတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
Ref : www.kr-asia.com